23
Fri, Aug
523 New Articles

ဟူစတန်၊သြဂုတ် ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ ရေနံချက်စက်ရုံတစ်ခုတွင် ဇူလိုင် ၃၁ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ဝါရှင်တန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

 

အမေရိကန်အထက်လွှတ်တော်က David Norquist အား ကာကွယ်ရေးဒုတိယဝန်ကြီး အဖြစ် ဇူလိုင် ၃၀ ရက် ညပိုင်းတွင် အတည်ပြုခဲ့သည်။  (Xinhua) 

ဝါရှင်တန် ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ မစ္စစ္စပီ ပြည်နယ်၌ ဇူလိုင် ၃၀ ရက်က ဖြစ်ပွားခဲ့သော ပစ်ခတ်မှု တစ်ခု အတွင်း လူ နှစ်ဦး သေဆုံးခဲ့ကာ ရဲအရာရှိ တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဟို့စ်တန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တောင်ပိုင်း တက္ကဆက်ပြည်နယ် ဟူစတန်နယ်မြေ အနောက်တောင်ပိုင်း၌ ဇူလိုင်လ ၃၀ ရက် မွန်းလွဲပိုင်းတွင် အမျိုးသားတစ်ဦးက ၎င်း၏ ချစ်သူဟောင်းနှင့် ထိုမိန်းကလေး၏ဆွေမျိုးများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ လူ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆန်ဖရန်စစ္စကို၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းရှိ Gilroy ကြက်သွန်ဖြူပွဲတော် (Gilroy Garlic Festival) နှစ်ပတ်လည်အခမ်းအနား၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၄ ဦးသေဆုံးပြီး အခြားလူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Gilroy ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နယူးယောက် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဘရွတ်ကလင်းရပ်ကွက်(Brooklyn)၌ ဇူလိုင် ၂၇ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁ ဦးသေဆုံးပြီး အခြား ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နယူးယောက်မြို့ တော်ရဲတပ်ဖွဲ့ ဌာန(NYPD) ၏ ပြောကြားချက်အရ သိရသည်။

မက္ကဆီကို စီတီး၊ ဇူလိုင် ၂၈  ရက်(ဆင်ဟွာ)

အမေရိကန်မှ မှောင်ခိုတင်သွင်းလာသည့် သေနတ်များကြောင့် မက္ကဆီကိုနိုင်ငံတွင် အုပ်စုလိုက် ပြစ်မှုကျူးလွန်မှုများ ဖြစ်ပွားခဲ့ကြောင်း၊  အစိုးရအနေဖြင့် သေနတ်မှောင်ခိုနှိမ်နှင်းမှုကို ဦးစားပေးမူဝါဒတစ်ခု အဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မက္ကဆီကို  နိုင်ငံခြားရေးဝန်ကြီးဌာန၏ လွန်ခဲ့သောရက်များက ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။ 

ဝါရှင်တန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီိယို (Mike Pompeo) သည် ထိုင်းနိုင်ငံ၊ သြစတြေးလျနိုင်ငံနှင့် မိုက်ခရိုနီးရှားနိုင်ငံသို့ ဇူလိုင်လ ၃၀ ရက်မှ သြဂုတ်လ ၆ ရက်အတွင်းသွားရောက်ရန် စီစဉ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၅ ရက်တွင် ပြောကြားလိုက်သည်။

ဝါရှင်တန် ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ)

ဆော်ဒီအာရေဘီးယား နိုင်ငံ နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) သို့ လက်နက်များ ရောင်းချရန် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့် အစိုးရ၏ ကြိုးပမ်းမှုအား ပိတ်ပင်ရန် ရည်ရွယ်သော ကွန်ဂရက်၏ ဆုံးဖြတ်ချက်များအား သမ္မတ ဒေါ်နယ်ထရန့် က ဇူလိုင် ၂၄ ရက်တွင် ပယ်ချခဲ့ကြောင်း သိရသည်။

အော့တဝါ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) 

ကနေဒါနိုင်ငံ Saint-Eustache ဒေသတွင် ဇူလိုင်လ ၂၃ ရက် နံနက်က မော်တော်ကား ၃စီး တိုက်မိမှုဖြစ်ပွားခဲ့ရာ နောက် ကျောင်းဘတ်စ်ကား၂ စီးမီးလောင်ခဲ့ပြီး စုစုပေါင်း လူ ၆၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အများစုမှာ ကလေးများဖြစ်ကြောင်း CBC သတင်းဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။