19
Sat, Jan
679 New Articles

ဝါရှင်တန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ကြားဖြတ်ဝန်ကြီးအဖြစ် ပက်ထရစ်ရှန်နာဟန်(Patrick Shanahan) အား ဇန်နဝါရီ ၁ ရက်တွင် တရားဝင်ခန့် အပ်ခဲ့ကြောင်း သိရသည်။

ဝါရှင်တန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

အမေရိကန်ဆယ်ကျော်သက်တစ်ဦးသည် ၎င်း၏ သူငယ်ချင်းအား သေနတ်တစ်လက် ထုတ်ပြစဉ် မတော်ဆတဆပစ်သတ်မိသဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁ရက်တွင်ပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

အမေရိကန်-မက္ကဆီကို နယ်စပ်ခြံစည်းရိုးကို ကျော်ဖြတ်၍ ကယ်လီဖိုးနီးယားပြည်နယ်သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ရွှေ့ပြောင်းသွားလာသူ ၁၅၀ဦးခန့်ကို တားဆီးရန် အမေရိကန်နိုင်ငံနိုင်ငံ အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး (CBP) တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁ရက်တွင် မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဝါရှင်တန် ၊ ဇန်န၀ါရီ ၁ ရက်(ဆင်ဟွာ)

ဆီးရီးယား နိုင်ငံမှ အမေရိကန် တပ်ဖွဲ့ ဝင်များအား ယခင်က အလျှင်အမြန် ရုပ်သိမ်းမည်ဟု ယူဆရသော်လည်း ဖြည်းဖြည်း ချင်းသာ ရုပ်သိမ်း သွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

နယူးယောက်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

တရုတ်တေးသံရှင် လင်းရှောင်ချောင်(Xiaocao Lin) သည် တရုတ်နိုင်ငံ၏ စွဲမက်စရာကောင်းပြီး တုနှိုင်း မရသော ဂန္တဝင်ဂီတသံစဉ်များ နှင့် ကဗျာကို အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဇန်နဝါရီလ ၅ ရက်တွင် ဖျော်ဖြေတင်ဆက်မည်ဟု သိရသည်။

မက္ကဆီကို စီးတီး ၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ)

မက္ကဆီကို နိုင်ငံအနောက်ပိုင်း Jalisco ပြည်နယ် Zapopanမြို့တွင်  ဒီဇင်ဘာ ၂၉ ရက်က လူနေအိမ် တစ်အိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၅ ဦး သေဆုံးခဲ့ကြောင်း ၊ သေဆုံးသူများအနက် အရွယ်မရောက် သေးသောကလေးငယ်တစ်ဦး ပါဝင်ကြောင်း မြို့ပြကာကွယ်ရေးဌာနက ပြောကြားခဲ့သည်။

 

ချီကာဂို၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ချီကာဂိုမြို့ ရှိ အထပ်မြင့်ကားပါကင်တစ်ခုတွင် ဒီဇင်ဘာ ၂၉ ရက် နေ့လည်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ တစ်ဦးသေဆုံးပြီး အခြားလူ ၄ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာ တစ်ခုကဖော်ပြခဲ့သည်။

ဟူစတန် ၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်၌ ခရစ္စမတ်ကာလအတွင်း ခရစ္စမတ်နေ့ နှင့် ပွဲတော်နေ့ မတိုင်မီ မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာဟူစတန်မြို့ သား နှစ်ဦးသေဆုံးပြီး အခြား သုံးဦးထိခိုက်ဒဏ်ရရခဲ့ကြောင်း သိရသည်။

မက္ကဆီကို၊ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံအလယ်ပိုင်း Puebla ပြည်နယ်အုပ်ချုပ်ရေးမှူး မာသာအီရီကာအလွန်ဆို(Martha Erika Alonso) နှင့် ၄င်း၏ခင်ပွန်းဖြစ်သူ ယခင်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ရာဖေးလ်မိုရီနိုဗယ်လီ(Rafael Moreno Valle) တို့ သည် ဒီဇင်ဘာ ၂၄ ရက်က ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားခဲ့ကြကြောင်း အမျိုးသားလှုပ်ရှားမှုပါတီ(PAN) အကြီးအကဲ မာကိုကော်တီစ်(Marko Cortes) က အတည်ပြုပြောကြားခဲ့သည်။

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဒုတိယ ကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန် (Patrick Shanahan) အား ပင်တဂွန်စစ်ဌာနချုပ် ယာယီအကြီးအကဲအဖြစ်ခန့်အပ်ကြောင်း ဒီဇင်ဘာ ၂၃ရက်တွင်ကြေညာခဲ့သည်။