15
Sun, Sep
499 New Articles

ဝါရှင်တန် ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဒုတိယသမ္မတမိုက်ပန့် ခ်ျက အမေရိကန်နိုင်ငံအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ်တွင် အာကာသတပ်ဖွဲ့ တစ်ခု ဖွဲ့ စည်းတည်ထောင်သွားရန် စီစဉ်ထားကြောင်း သြဂုတ် ၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုသို့ အာကာသတပ်ဖွဲ့ ဖွဲ့ စည်းရန် ပင်တဂွန်စစ်ဌာနချုပ်တွင် ထိပ်တန်းအရာရှိများက မေးခွန်းထုတ်ခဲ့ပြီး သမ္မတဒေါ်နယ်ထရမ့်၏ အကြံဥာဏ်ဖြစ် ဖွဲ့ စည်းရန် ဖြစ်ကြောင်း ပန့် ခ်ျက ဆိုသည်။

“ အမေရိကန်နိုင်ငံ အာကာသတပ်ဖွဲ့ ဖွဲ့ စည်းတည်ထောင်ဖို့ အချိန်ကျရောက်လို့ လာပါပြီ” ဟု ပန့် ခ်ျက ပင်တဂွန်စစ်ဌာနချုပ်၌ ပြုလုပ်သည့် တွေ့ ဆုံဆွေးနွေးပွဲတစ်ခုတွင် ထုတ်ဖော်ပြေကြားခဲ့ခြင်းဖြစ်ပြီး သမ္မတထရမ့်အနေဖြင့် ယခုနှစ်အစောပိုင်းကတည်းက အမေရိကန်စစ်တပ်၏ ၆ ခုမြောက် တပ်ဖွဲ့ သစ်တစ်ခုကို ဖွဲ့ စည်းရန် တိုက်ရိုက်ညွှန်ကြားခဲ့ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။

“ အာကာသမှာနေရာယူဖို့ အမေရိကန်ဟာ ဒီလောက်နဲ့ လုံလောက်မှုမရှိသေးပါဘူး။ အာကာသမှာ အမေရိကန်နိုင်ငံစိုးမိုးဖို့ ကျွန်တော်တို့ လုပ်ရမယ်။ဒါကြောင့် ကျွန်တော်တို့ လုပ်ရပါလိမ့်မယ်” ဟု ပန့် ခ်ျက ဆိုသည်။

ပန့် ခ်ျတင်သွင်းခဲ့သော စာမျက်နှာပေါင်း ၁၅ မျက်နှာပါဝင်သည့်  အမေရိကန်တပ်ဖွဲ့ သစ် ဖွဲ့ စည်းရေး အစီရင်ခံစာတစ်ခုအပေါ် ပင်တဂွန်ဘက် သဘောမတူမှုများ ရှိခဲ့သည်။

၎င်းအစီရင်ခံစာထဲတွင် အာကာသစစ်ဆင်ရေးတပ်ဖွဲ့ တစ်ခုဖွဲ့ စည်းတည်ထောင်သွားရန် တောင်းဆိုထားပြီး အာကာသကျွမ်းကျင်သူများဖြင့် “ လေ့ကျင့်ရေး ၊ မြှင့်တင်ရေး ၊ အာကာသအတွင်း တိုက်ခိုက်ရေး” အစီအစဉ်များပါဝင်ကြောင်း သိရသည်။ ယင်းတပ်ဖွဲ့ သည် “ အာကာသစစ်ပွဲ ပါဝင်ရေး နှင့် စွမ်းရည်မြှင့်တင်ရေး ” ကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့ သစ်အတွက် ဘက်ဂျက်တောင်းခံမှုကို လာမည့် ၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ ကွန်ဂရက်အနေဖြင့် “ အာကာသလုံခြုံရေးစနစ်များအတွက် ကာကွယ်ရေးဖြည့်စွက်ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ” ကို အတည်ပြုပေးရမည်ဖြစ်ကြောင်း  ဆိုသည်။

ကွန်ဂရက် နှင့် ပင်တဂွန်ထိပ်တန်း အရာရှိများ၏ အတိုက်အခံပြုမှုများနှင့်အတူ “ ကာကွယ်ရေးတပ်ဖွဲ့ အသစ် တစ်ခု ဖွဲ့ စည်းတဲ့ကိစ္စဟာ လွယ်ကူတဲ့ ကိစ္စရပ်တစ်ခုမဟုတ်” ကြောင်း ပန့် ခ်ျက ပြောကြားခဲ့သည်။ (Xinhua) 

 

အော့တ၀ါ ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

ကနေဒါနှင့်ဆော်ဒီအာရေဗျ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးအခြေအနေနှင့်စပ်လျဉ်း၍ ကနေဒါ ၀န်ကြီးချုပ် Justin Trudeau က သြဂုတ် ၈ ရက်တွင် ပထမဆုံး သဘောထား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ၄င်းက ကနေဒါသည် လူအခွင့်အရေးဆိုင်ရာကိစ္စများတွင် အမြဲတမ်း  တင်းတင်း မာမာ ပြောဆိုလေ့ရှိကြောင်း ၊ သို့သော် ဆော်ဒီနှင့်ဆက်ဆံရေးအခြေအနေ ဆိုးဝါးအောင် လုပ်ဆောင်ရန် ဆန္ဒမရှိဟု ဆိုသည်။

အန်ကာရာ ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ က လတ်တလောရက်ပိုင်း အတွင်း နှစ်နိုင်ငံ အကြား ဖြစ်ပွားနေသည့် အငြင်းပွားမှု အဆက်မပြတ် မြင့်တက်လာခြင်း ကို ဖြေရှင်းရန် အတွက် သြဂုတ်လ ၇ ရက် ၌ တူရကီ နိုင်ငံ မှ အမေရိကန် နိုင်ငံ ဝါရှင်တန် မြို့ သို့ စတင်ထွက်ခွာ သွားကြောင်း သိရှိရသည်။

လော့အန်ဂျလိစ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) 

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် ရှိ နေရာတစ်ချို့တွင် မိုးသီးကြီးများ ကျရောက်မှုကြောင့် လူ ၁၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိရစ္ဆာန်ရုံမှ တိရစ္ဆာန် ၂ကောင်သေဆုံးခဲ့ကြောင်း အမေရိကန်သတင်းဌာနက သြဂုတ် ၇ ရက်တွင် ဖော်ပြခဲ့သည်။

အော့တ၀ါ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံနှင့် သံတမန်ဆက်ဆံရေးအခြေအနေ ဆိုးဝါးနေသော်လည်း ကနေဒါနိုင်ငံ အနေဖြင့် ရပ်တည်ချက်များကို ပြောင်းလဲမည်မဟုတ်ဟု ကနေဒါ နိုင်ငံခြားရေးဝန်ကြီး  Chrystia Freeland က  သြဂုတ် ၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဝါရှင်တန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ၏ ဘဏ္ဍာရေးနှင့် စက်မှုလုပ်ငန်းကဏ္ဍများတွင် အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့မှုများစွာ သြဂုတ်လ ၇ ရက်တွင် ပြန်လည် ပြုလုပ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က သြဂုတ်လ ၆ ရက်တွင် ကြေညာလိုက်သည်။

ဝါရှင်တန် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်(John Bolton) က မကြာသေးခင်ကဖြစ်ပွားခဲ့သော ဗင်နီဇွဲလားနိုင်ငံသမ္မတ နီကိုးလက်စ် မတ်ဒူရို( Nicolas Maduro) အား လုပ်ကြံမှုတွင် အမေရိကန်နိုင်ငံက ပါဝင်ပတ်သက်ခြင်းမရှိကြောင်း သြဂုတ် ၅ ရက်တွင် ငြင်းဆိုပြောကြားခဲ့သည်။

လောစ်အိန်းဂျလိစ် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ South Coast ပလာဇာဈေးဝယ်စင်တာအနီးတွင် လေယာဉ်ငယ်တစ်စင်းပျက်ကျမှုဖြစ်ပွားပြီးနောက် လူ ၅ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူများက သြဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။(Xinhua) 

လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စမတ်ဖုန်းထုတ်လုပ်သူဖြစ်သော ဟွာဝေး (Huawei) သည် Apple ကို ကျော်တက်ကာ ကမ္ဘာ့ ဒုတိယအကြီးဆုံး စမတ်ဖုန်းရောင်းချသူ ဖြစ်လာကြောင်း ဈေးကွက်သုတေသနလုပ်ငန်းတစ်ခုက ပြောကြားလိုက်သည်။

ဝါရှင်တန် ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း ၏ စာအား လက်ခံရရှိပြီးနောက် စာပြန်လည် ရေးသားပေးပို့ ခဲ့ပြီး မကြာခင် ကင်ဂျုံအမ်း ထံသို့ ရောက်ရှိတော့မည် ဖြစ်ကြောင်း သြဂုတ်လ ၂ ရက် ၌ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sarah Huckabee Sanders က ပြောကြား ခဲ့သည်။