17
Tue, Sep
509 New Articles

ပေကျင်း ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဇူလိုင်လ ၃၀ ရက် ၌ မိမိ အနေဖြင့် အီရန် နိုင်ငံ ခေါင်းဆောင် နှင့် မည်သည့် တောင်းဆိုမှု မှ သတ်မှတ်ထားခြင်း မရှိသည့် အခြေအနေ အောက်တွင် တွေ့ဆုံ သွားလိုကြောင်း သဘောထားအား ထုတ်ပြန် ကြေညာခဲ့သည်။ ဒေါ်နယ်ထရမ့် ၏ သဘောထား နှင့် ပတ်သက်၍ အီရန် နိုင်ငံ က အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နျူကလီးယား သဘောတူညီမှု စာချုပ် သို့ ပြန်လည် ပါဝင်လာပါက တွေ့ဆုံ ဆွေးနွေးမှု အတွက် လမ်းခင်းပေးသွား နိုင်ကြောင်း ပြန်လည် ထုတ်ပြန် ခဲ့သည်။

ဝါရှင်တန်၊သြဂုတ် ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံ နှင့် အီရန် နိုင်ငံတို့ မကြာမီကာလအတွင်း တွေ့ ဆုံဆွေးနွေးသွားဖွယ် ရှိနိုင်ကြောင်း ဇူလိုင် ၃၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

မက္ကဆီကိုစီးတီး ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

Aeromexico လေယာဉ်တစ်စင်းသည် မက္ကဆီကိုနိုင်ငံမြောက်ပိုင်း Durango ပြည်နယ်၌ ပျက်ကျသွားခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဇူလိုင် ၃၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ချီကာဂို ၊ ဇူလိုင်၂၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် အနောက်တောင်ပိုင်းရှိ မိုတယ်တစ်ခု၌  ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီး ၁ဦးနှင့် ၄င်း၏ ကလေးငယ် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နယူးယောက်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့လယ်က မန်ဟတ်တန်ရှိ ထရမ့်တာဝါတွင် တွေ့ရှိခဲ့သော သံသယဖြစ်ဖွယ် အထုပ်များကို နယူးယောက် ရဲဌာန (NYPD) က စုံစမ်းစစ်ဆေး နေကြောင်း သိရသည်။

ဝါရှင်တန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ တွင် ဇူလိုင် ၂၅ ရက် ကဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတစ်ခုကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အခြားကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဝါရှင်တန် ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် John R. Bolton က ဇူလိုင်လ ၂၅ ရက် ၌ ယခု နှစ် ဆောင်းဦး အချိန် တွင် အမေရိကန် နှင့် ရုရှား နိုင်ငံ သမ္မတ နှစ်ဦး တွေ့ဆုံမှု ပြုလုပ်ရန် စီစဉ်မှု အား လာမည့်နှစ် အချိန် ၌ ပြောင်းလဲ ကျင်းပ ပြုလုပ် သွားရန် ရွေ့ဆိုင်း ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

ဝါရှင်တန် ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sarah Huckabee Sanders က အမေရိကန် နိုင်ငံ သမ္မတ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် John R. Bolton အနေဖြင့် လာမည့် သြဂုတ်လ တွင် ရုရှား နိုင်ငံ  အမျိုးသား လုံခြုံရေး အရာရှိများ နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၂၃ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

အော့တ၀ါ ၊ ဇူလိုင်၂၃ ရက်(ဆင်ဟွာ)

ကနေဒါနိုင်ငံ တိုရန်တိုမြို့ရှိ လူစည်ကားရာနေရာတစ်ခုတွင် ဇူလိုင်လ ၂၂ ရက် ညပိုင်းက သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ဒဏ်ရာရသူများ အနက် ၁ ဦး မှာ ကလေးငယ်ဖြစ်ကြောင်း သိရသည်။ 

ကိဗ် ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ယူကရိန်း နိုင်ငံ Zhytomyr ပြည်နယ် တွင် ဇူလိုင်လ ၂၀ ရက် ၌ အကြီးစား ယာဉ်တိုက်မှု တစ်ရပ် ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး လူ ၁၀ ဦး သေဆုံး ခဲ့ကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။