17
Sat, Nov
672 New Articles

မော်စကို ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ စစ်ဘက်ဆိုင်ရာ နျူကလီးယား ၊ ဓာတု နှင့် ဇီဝ လက်နက် ကာကွယ်ရေး ဌာန တပ်မှူး Igor Kirillov က အမေရိကန် နိုင်ငံ အနေဖြင့်  ဂျော်ဂျီယာ နိုင်ငံ ရှိ အကြီးစား စမ်းသပ်ခန်း တစ်ခု တွင် ဇီဝလက်နက် စမ်းသပ်မှုများ ပြုလုပ်နေဖွယ်ရှိကြောင်း လတ်တလောရက်ပိုင်း အတွင်း ပြောကြား ခဲ့သည်။

ဝါရှင်တန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံက ဗီယင်နာ သံတမန်ဆက်ဆံရေးဆိုင်ရာ သဘောတူညီမှု စာချုပ်တွင် ပါဝင်သော နိုင်ငံတကာတရားရုံး၏အငြင်းပွားမှုဆိုင်ရာ တရားစီရင်ခွင့် သဘောတူညီချက်မှ နုတ်ထွက်လိုက် ကြောင်း အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန် (John Bolton) က အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။ 

ဝါရှင်တန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

အမေရိကန်က ၁၉၅၅ ခုနှစ် ချစ်ကြည်ရေးသဘောတူညီချက်ကို ချိုးဖောက်သည်ဟူသော အီရန်၏ စွဲဆိုမှုကို နိုင်ငံတကာ တရားရုံး(ICJ)က စီရင်ပိုင်ခွင့်ရှိသည်ဟု ကြေညာပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး Mike Pompeo က အမေရိကန်အနေဖြင့် ၄င်းသဘောတူညီချက်ကို ရပ်ဆိုင်းကြောင်း အောက်တိုဘာ ၃ ရက်တွင် ကြေညာခဲ့သည်။ 

ဝါရှင်တန် ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ South Carolina ပြည်နယ် တွင် အောက်တိုဘာ ၃ ရက် ညနေပိုင်း အချိန်၌ သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး သေနတ်ပစ်ခတ်သူ အား ဖမ်းဆီး လိုက်ပြီ ဖြစ်ကြောင်း ပြည်နယ် အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေး ဌာန ၏ ထုတ်ပြန် ကြေညာချက် အရ သိရှိရသည်။

ဝါရှင်တန် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ North Carolina ပြည်နယ် တွင် Florence မုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၂ ဦး ထပ်မံ သေဆုံး ခဲ့ပြီး အမေရိကန် နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်း ဒေသ ၌ Florence မုန်တိုင်း တိုက်ခတ်မှု နှင့် နောက်ဆက်တွဲ သက်ရောက်မှုများကြောင့် သေဆုံးသူပေါင်း ၄၉ အထိ ရောက်ရှိ လာခဲ့ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူးရုံး ၏ အောက်တိုဘာ ၂ ရက် ထုတ်ပြန် ချက်အရ သိရှိရသည်။

ဝါရှင်တန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ရှိ အော်လန်ဒိုဒေသဆိုင်ရာဆေးရုံ တွင် အသက် ၂၅နှစ်အရွယ် အမျိုးသားတစ်ဦး သည် ၎င်း၌ သေနတ်ပါရှိကြောင်းပြောဆိုပြီး ဆေးရုံဝန်ထမ်းအား ခြိမ်းခြောက်ခဲ့၍ အမေရိကန်ရဲတပ်ဖွဲ့က အောက်တိုဘာ ၁ ရက်တွင် ပစ်သတ်ခဲ့ကြောင်း သိရသည်။

ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံရှိ လူမှုမီဒီယာကြီးတစ်ခုဖြစ်သော Facebook လုံခြုံရေးအဖွဲ့က လွန်ခဲ့သည့်ရက်အနည်းငယ်က တွေ့ရှိခဲ့သော လုံခြုံရေးဖောက်ထွင်းမှုတစ်ခုကြောင့် Facebook သုံးစွဲသူ သန်း ၅၀ အား တိုက်ရိုက်ထိခိုက်နိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုသည် ကမ္ဘာသို့ တရုတ်နိုင်ငံက ကမ်းလှမ်းထားသည့် အများပြည်သူဆိုင်ရာ ကောင်းကျိုးတစ်ရပ်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စက်တင်ဘာလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

နယူးယောက်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ညွှန်ကြားရေးမှူးချုပ် Christine Lagarde  နှင့် စက်တင်ဘာ ၂၆ ရက်တွင် တွေ့ဆုံခဲ့ပြီး နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်မှု၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO) ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

နယူးယောက် ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ)

အီရန်အပေါ် ပိတ်ဆို့မှုများကို ဥရောပသမဂ္ဂ(အီးယူ)က ရှောင်လွှဲ လုပ်ဆောင်နေခြင်းသည် လက်မခံ နိုင်စရာ ဖြစ်သည်ဟု အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeoက စက်တင်ဘာ ၂၅ ရက် တွင် ပြောကြားခဲ့သည်။