16
Mon, Sep
500 New Articles

ဝါရှင်တန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံအနေဖြင့် ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေး ဆိုင်ရာ အစီအစဉ်တစ်ခုကို မြောက်ကိုရီးယားနိုင်ငံအား အဆိုပြုသွားရန် ရှိကြောင်း အမေရိကန်နိုင်ငံအမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်(John Bolton) က ဇူလိုင် ၁ ရက်တွင်ပြောကြားလိုက်သည်

ဝါရှင်တန် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

အမေရိကန်တစ်နိုင်ငံလုံးတွင် ဇွန် ၃၀ရက်က  ဆန္ဒပြမှုပေါင်း ၇၀၀ ကျော် ဖြစ်ပွားခဲ့ရာ ၄င်းဆန္ဒပြမှုများ မှာ ထရမ့်အစိုးရ၏ ယခုကာလများအတွင်းဖြစ်ပွားခဲ့သည့် မိသားစုဝင်များအား ခွဲခြားထိန်းသိမ်းခြင်း လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများဖြစ်ကြောင်းသိရသည်။ 

မက္ကဆီကိုစီးတီး ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ စစ်တပ်သည် နိုင်ငံအရှေ့ မြောက်ပိုင်း Tamaulipas ပြည်နယ်၌ ဇွန် ၃ဝ ရက်တွင် မူးယစ်ဆေးဝါး နှင့် ဒုစရိုက်ဂိုဏ်း ခေါင်းဆောင်တစ်ဦးအဖြစ် သံသယရှိသူ တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဆိုသည်။

အော့တာဝါ၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ အနောက်တောင်ပိုင်း Saskatchewan ပြည်နယ် တွင် ယာဉ်တိုက်မှုတစ်ခုကြောင့် ကလေးငယ် ၃ဦးအပါအဝင် လူ ၆ဦးသေဆုံးခဲ့ကြောင်း CTV သတင်းက ဇွန် ၃၀ ရက်တွင်ဖော်ပြခဲ့သည်။

ဝါရှင်တန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့ပိုင်း မယ်ရီလန်းပြည်နယ် မြို့တော် အန်နာပိုလစ်မြို့ ရှိ Capital Gazette ပြည်တွင်းသတင်းစာတိုက် တွင် ဇွန် ၂၈ ရက် နေ့လည်ပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၅ဦးသေဆုံးပြီး အခြားလူ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဝါရှင်တန် ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ဇူလိုင်လတွင် သွားရောက်မည့် ဥရောပခရီးစဉ်အတွင်း ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်နှင့်တွေ့ ဆုံရန် ဖြစ်နိုင်ဖွယ်ရှိကြောင်း ဇွန် ၂၇ ရက်တွင် ပြောကြားလိုက်သည်။

ဟူစတန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ အနောက်မြောက်ဘက် ၃၂၅ကီလိုမီတာ ခန့်အကွာ Gatsville မြို့ရှိ ဆေးရုံတစ်ခု၌ ဇွန် ၂၆ ရက် နေ့လည်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ဆောက်လုပ်ရေးဝန်ထမ်းတစ်ဦး သေဆုံးပြီး အခြားလူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နယူးယောက် ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ နယူးယောက် မြို့ Bronx ဒေသ တွင် ဇွန်လ ၂၂ ရက် နံနက်ပိုင်း က သေနတ် ပစ်ခတ်မှု ဖြစ်ပွားရာ လူ ၃ ဦး သေဆုံး ခဲ့ကြောင်း နယူးယောက် မြို့ ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဝါရှင်တန် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်နှင့်မက္ကဆီကိုနယ်စပ်တွင် တရားမ၀င် ၀င်ရောက်လာသူများကို ဖမ်းဆီးထိန်းသိမ်းရာတွင် မိဘနှင့်ကလေးများအား ခွဲခြားထိန်းသိမ်းမှုပြုလုပ်နေသည်ကို ရပ်နားရန် ထရန့်က ဇွန်လ ၂၀ ရက်တွင် အမိန့်ကြေညာစာ လက်မှတ်ရေးထိုးခဲ့ပါသည်။ 

ဝါရှင်တန် ၊ ဇွန် ၂ဝ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံသည် ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီမှ နုတ်ထွက်ကြောင်း ကုလသမဂ္ဂဆိုင်ရာအမေရိကန်အမြဲတမ်းကိုယ်စားလှယ် နစ်ကီဟယ်လီ(Nikki Haley) က ဇွန်လ ၁၉ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။