18
Wed, Sep
512 New Articles

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ပါတီ နှစ်ခု မှ လွှတ်တော် အမတ် ၁၈ ဦး က ဖေဖော်ဝါရီ ၅ ရက်နေ့၌ စုပေါင်း၍ သမ္မတ ဒေါ်နယ်ထရမ့် ထံသို့ ရေးသား ပေးပို့ခဲ့သည့် စာတွင် မြောက်ကိုရီးယား နိုင်ငံ အား လက်ဦးမှု ယူကာ စစ်ရေး တိုက်ခိုက်မှု ဆောင်ရွက်ရန် အတွက် ဥပဒေခွင့်ပြုချက် အားနည်းသောကြောင့် စစ်ရေး တိုက်ခိုက်မှု မဆောင်ရွက်ရန် သတိပေးကြောင်း ပါဝင် ခဲ့သည်။

ချီကာဂို၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ချီကာဂိုမြို့ တွင် ဖေဖော်ဝါရီ ၅ရက် နေ့လည်ပိုင်းက ခြောက်လက်မအထိ နှင်းထူထပ်စွာ ကျဆင်းလာနိုင်ကြောင်း ခန့်မှန်းရ၍ ချီကာဂိုလေဆိပ် ၂ခု ရှိ လေယာဉ်ခရီးစဉ် ၄၀၀ ကျော်ကို ပယ်ဖျက်ခဲ့ရကြောင်း ချီကာဂိုလေကြောင်း ဦးစီးဋ္ဌာနက ပြောကြားခဲ့သည်။

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က ဖေဖော်ဝါရီ ၅ ရက်နေ့ ၌ အမေရိကန် နိုင်ငံ နှင့် ရုရှား နိုင်ငံ တို့ အနေဖြင့် ပြီးခဲ့သည့် ၇ နှစ်တာ ကာလ အတွင်း နျူကလီးယား လက်နက် လျှော့ချရေး သဘောတူညီမှု ကို လိုက်နာခဲ့ကြပြီး နှစ်နိုင်ငံ အနေဖြင့် မတ်လပိုင်းအတွင်း မဟာဗျူဟာ မြောက် နျူကလီးယား လက်နက် အရေအတွက် စာရင်း နှင့် ပတ်သက်၍ အပြန်အလှန် လဲလှယ်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ရှိ ခရီးသည်တင် ရထား တစ်စင်း သည် ဖေဖော်ဝါရီ ၄ ရက်နေ့ တွင် တောင်ကာရိုလိုင်းနား (South Carolina) ပြည်နယ် တွင် ကုန်တင် ရထား တစ်စင်း နှင့် တိုက်မှု ဖြစ်ပွား ခဲ့ရာ လူ ၂ ဦး သေဆုံးခဲ့ပြီး လူပေါင်း ရာနှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

လော့အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်ပိုင်း လော့အိန်ဂျလိစ်မြို့ ရှိ Salvador Castro အလယ်တန်းကျောင်း တွင် ဖေဖော်ဝါရီ ၁ရက်က စာသင်ခန်းတစ်ခုအတွင်း သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ကျောင်းသား ၂ဦးအပါအဝင် လူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်၌ ဇန်နဝါရီလ ၃၁ ရက်တွင် ရထားတစ်စင်း နှင့် ထရပ်ကားတစ်စင်းတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး လွှတ်တော်အမတ်များ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း အိမ်ဖြူတော်က အတည်ပြုပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Newport Beach မြို့ရှိ နေအိမ် တစ်လုံးအား ရဟတ်ယာဉ် တစ်စီးက ဇန်နဝါရီလ ၃၁ ရက်တွင် ဝင်တိုက်မိခဲ့ရာ အနည်းဆုံး လူ ၃ ဦး သေဆုံးကာ အခြား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဝါရှင်တန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယားပြည်နယ် ဘာ့ခ်စ်စီရင်စု တွင် ဇန်နဝါရီ ၂၈ရက်က သေနတ်ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့ရာ အမျိုးသား ၄ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဝါရှင်တန် ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ကျွမ်းဘားအားကစား အသင်း ဆရာဝန်ဟောင်း Nassar ၏ ပြစ်ဒဏ် ကျခံမှု အတိုင်းအတာ နှင့် ပတ်သက်၍ အချိန် တစ်ပတ်ကျာ ကြားနာမှု ဆောင်ရွက်ပြီးနောက်တွင် ဇန်နဝါရီ ၂၄ ရက်နေ့ Michigan ပြည်နယ် မြို့တော်ရှိ တရားရုံးတွင် တရားသူကြီး က ထောင်ဒဏ် ၄၀ နှစ် မှ ၁၇၅ နှစ် အထိ ကျခံရန် အမိန့်ထုတ်ပြန်ခဲ့သည်။