ဝါရှင်တန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

အသက် ၉၂ နှစ်ရှိပြီဖြစ်သော အမေရိကန်နိုင်ငံ၏ သမ္မတဟောင်းကတော် ဘာဘရာဘွတ်ရှ် (Barbara Bush) သည် ၎င်းအား ဆေးကုသမှုအား လက်လျှော့ရန် ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ဧပြီလ ၁၇ ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဝါရှင်တန်၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ရှိ တောင်ကယ်ရိုလိုင်းနားပြည်နယ် တွင် ဖြစ်ပွားခဲ့သော အကျဉ်းထောင်ဆူပူမှုတစ်ခုကြောင့် အကျဉ်းသား ၇ဦးသေဆုံးပြီး အနည်းဆုံး လူ၁၇ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း အာဏာပိုင်များက ဧပြီ ၁၆ရက်တွင်ပြောကြားခဲ့သည်။

ဝါရှင်တန် ၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီး ၏ ဧပြီလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်း တရုတ် နိုင်ငံ ၏ အမေရိကန် နိုင်ငံ အပေါ် ကြွေးမြီ (National Debt) ပိုင်ဆိုင်မှု သည် အမေရိကန် ဒေါ်လာ ၈.၅ ဘီလီယံ တိုးမြင့်လာခဲ့ပြီး ကြွေးမြီ အများဆုံး ပိုင်ဆိုင်သည့် နိုင်ငံ တွင် ဆက်လက် တည်ရှိနေကာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁.၁၇၆၇ ထရီလီယံ ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။

လော့စ်အိန်ဂျလိစ်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့လယ် အနောက်ဘက် ၁၀ ကီလိုမီတာအကွာရှိ ရပ်ကွက်တစ်ခုအတွင်းက Studio City တွင် ဧပြီလ ၁၄ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၄ ဦး ဆေးရုံတင်လိုက်ရကြောင်း သိရသည်။

ဝါရှင်တန် ၊ ဧပြီ ၁၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ဗြိတိန်နိုင်ငံ ၊ ပြင်သစ်နိုင်ငံတို့နှင့်အတူ ဆီးရီးယားနိုင်ငံ၏ စစ်တပ်အဆောင်အယောင်များကို တိုက်ခိုက်ရန် ဧပြီ ၁၃ ရက်တွင် အမိန့်ပေးခဲ့ကြောင်း သိရသည်။

ဝါရှင်တန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

ဓါတုလက်နက်များအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်း သံသယကို တုံ့ပြန်ရန်အတွက် ဆီးရီးယားနိုင်ငံဆီသို့ ဒုံးကျည်များ“ လာလိမ့်မည်” ဟု အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ဧပြီ ၁၁ ရက်တွင် ရုရှားအား ခြိမ်းခြောက်ပြောကြားလိုက်သည်။

ဝါရှင်တန် ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် ၏ အမိမြေ လုံခြုံရေး နှင့် တန်ပြန် အကြမ်းဖက် နှိမ်နင်းရေး အကြံပေး ပုဂ္ဂိုလ် Tom Bossert သည် ရာထူး မှ နုတ်ထွက် လိုက်ပြီး ဖြစ်ကြောင်း ဧပြီလ ၁၀ ရက်နေ့တွင် အိမ်ဖြူတော် က အတည်ပြု ထုတ်ပြန်ပေးခဲ့သည်။

ဝါရှင်တန်ဒီစီ ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

Facebook အမှုဆောင်အရာရှိချုပ် မက်ခ်ဇူကာဘတ်(Mark Zuckerberg) သည် ဧပြီလ ၁ဝ ရက်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ Capitol Hill ၌ ဆီးနိတ် နှင့် စီးပွားရေးဆိုင်ရာကော်မတီများ ပူးတွဲပြုလုပ်သော ကြားနားပွဲ၌ လာရောက်ထွက်ဆိုခဲ့ကြောင်း သိရသည်။

ဝါရှင်တန် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI) က ဧပြီလ ၉ ရက်တွင် သမ္မတဒေါ်နယ်ထရမ့်၏ ကိုယ်ရေးရှေ့နေဖြစ်သူ Michael Cohen ၏ ရုံးခန်းအား ဝင်ရောက်စီးနင်းပြီး လူကြီးကြိုက် အပြာကားရုပ်ရှင်သရုပ်ဆောင်မင်းသမီးအား ငွေကြေးပေးခဲ့သော ဖြတ်ပိုင်းစာရွက်အပါအဝင် အခြားဆက်စပ်သော စာရွက်စာတမ်းများစွာကို သိမ်းဆည်းရမိခဲ့ကြောင်း အမေရိကန်သတင်းမီဒီယာက ရေးသားဖော်ပြခဲ့သည်။

ဝါရှင်တန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တွင် မြန်နှုန်းမြင့်ရထားတစ်စီး ဖြင့် တိုက်မိ၍ လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဧပြီ ၈ ရက်တွင်ပြောကြားခဲ့သည်။