17
Sat, Nov
672 New Articles

ဟို့စ်တန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ဟာရီကိန်းမုန်တိုင်း ဖလော်ရင့် (Florence) သည် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဒေသတစ်လျှောက်ရှိ စွမ်းအင်အခြေခံအဆောက်အအုံအား သက်ရောက်မှုရှိကြောင်း အမေရိကန်နိုင်ငံ စွမ်းအင်ဆိုင်ရာ သတင်းအချက်အလက် အုပ်ချုပ်ရေး (EIA) က စက်တင်ဘာလ ၁၃ ရက်ကပြောကြားလိုက်သည်။

ဝါရှင်တန် ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

 

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မြို့ မြောက်ပိုင်းတွင် စက်တင်ဘာ ၁၃ ရက်က ဂတ်စ်ပေါက်ကွဲမှု အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ရာ ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ပေးခဲ့ရကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ က ဆိုသည်။

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Bakersfield တွင် စက်တင်ဘာလ ၁၂ ရက်ညပိုင်းက အမည်မသိ သေနတ်သမားတစ်ဦးမှ ပစ်ခတ်ခဲ့ရာ လူ ၅ ဦးသေဆုံးသွားခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

ဝါရှင်တန် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသား မဲဆန္ဒရှင်အများစုက သမ္မတဒေါ်နယ်ထရမ့်အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်က စတင်ကြိုးပမ်းနေခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိကြောင်း စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် မဲစစ်တမ်းအသစ် အရသိရသည်။

ဝါရှင်တန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ရှိ ပန်းခြံတစ်ခုတွင် စက်တင်ဘာ ၁၀ ရက် က အဝိုင်းပစ် ကစားနည်းတစ်မျိုးအား ကစားနေသည့် အမျိုးသားတစ်ဦး ကို အလျား ၁၁ပေ ( ၃.၃၅မီတာခန့်) ရှည်လျားသည့် မိကျောင်းတစ်ကောင် က ကိုက်ခဲ့ကြောင်း ပြည်တွင်းမီဒီယာက စက်တင်ဘာ ၁၁ရက်တွင်ဖော်ပြခဲ့သည်။

ဝါရှင်တန် ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)

9/11 တိုက်ခိုက်ခံရမှု ၁၇ နှစ်ပြည့် နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားကို စက်တင်ဘာလ ၁၁ ရက်နေ့က  အမေရိကန်ပြည်ထောင်စု နယူးယောက်၊၀ါရှင်တန်စသည့်မြို့ကြီးများတွင် ကျင်းပခဲ့ ကြောင်း သိရသည်။

ဝါရှင်တန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲအောင်နိုင်ရေး လက်ထောက်ဟောင်း George Papadopoulos သည် အမေရိကန်ရွေးကောက်ပွဲတွင် ရုရှားနိုင်ငံက ဝင်ရောက်စွက်ဖက်ခဲ့သည်ဆိုခြင်းအပေါ် စုံစမ်းစစ်ဆေးမှုအတွင်း ပြည်ထောင်စုအစိုးရ စုံစမ်းစစ်ဆေးသူများအား လိမ်ညာထွက်ဆိုခဲ့သည့်အတွက်  စက်တင်ဘာ ၇ ရက်တွင် ထောင်ဒဏ် ၁၄ ရက် ပြစ်ဒဏ်ချမှတ်ခံ ရကြောင်း သိရသည်။

ဝါရှင်တန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ Philadelphia အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော နိုင်ငံတကာလေယာဉ်များ ပေါ်လိုက်ပါလာသည့် ခရီးသည် ၁၂ဦး တွင် ဖျားနာသည့် လက္ခဏာများ ဖြစ်ပေါ်ခဲ့ကြောင်း လေဆိပ်က စက်တင်ဘာ ၆ ရက်တွင်ပြောကြားခဲ့သည်။

ချီကာဂို၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

တိုယိုတာ မော်တာ ကော်ပိုရေးရှင်းသည် Prius ကားနှင့် C-HR ကား စီးရေ ၁ သန်းကျော်အား မီးလောင်မှုအန္တရာယ်ဖြစ်နိုင်သည့် ချို့ယွင်းချက်ကြောင့် ကမ္ဘာ့ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းနေကြောင်း သိရသည်။

ဝါရှင်တန် ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ တောင်ပိုင်း မစ္စစ္စပီ ပြည်နယ် တွင် စက်တင်ဘာ ၂ ရက် ၌ မိသားစု ပြဿနာ ကြောင့် သေနတ်ပစ်ခတ်မှု တစ်ရပ် ဖြစ်ပွား ခဲ့ရာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။