17
Sat, Nov
672 New Articles

ဝါရှင်တန် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် စက်တင်ဘာ ၃ ရက်က  အမေရိကန်တပ်ဖွဲ့ တိုက်ခိုက်ခံရ ကြောင်း ၊ ထိုတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ အခြေစိုက် အမေရိကန်စစ်တပ်က ယင်းနေ့တွင် ကြေညာခဲ့ပါသည်။ 

ဟူစတန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးမက္ကဆီကို ပြည်နယ် ရဲတပ်ဖွဲ့က  နယူးမက္ကဆီကို တွင် သြဂုတ် ၃၀ရက် နေ့လည်ပိုင်းက Greyhound ဘတ်စ်ကားတစ်စီး မတော်တဆဖြစ်မှုကြောင့် အနည်းဆုံး လူ ၄ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

မက္ကဆီကိုစီးတီး၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

မက္ကဆီကို ကမ်းရိုးတန်းပြင်ပတွင် ပင်လယ်လိပ် အကောင် ၃၀၀ ကျော်အား သေဆုံးလျက်တွေ့ရှိရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ဝါရှင်တန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ ဝေါ့ဒစ္စနေအပန်းဖြေကမ္ဘာ အနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် သြဂုတ် ၂၉ ရက် နံနက်အစောပိုင်းတွင် ငြမ်းပြိုကျမှုဖြစ်ပွားခဲ့ရာ ဆောက်လုပ်ရေးအလုပ်သမား ၂ဦး ၇ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ဝါရှင်တန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံရှိ တောင်ထူထပ်သော ဗားမောင့်ပြည်နယ်တွင် လူ ၃ ဦး လိုက်ပါလာသော ဂလိုက်ဒါ (Glider) တစ်စင်း သြဂုတ်လ ၂၉ ရက်က ပျက်ကျခဲ့ကြောင်း ဒေသခံမီဒီယာက သတင်ဖော်ပြခဲ့သည်။

လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့နေ ဒေသခံများသည် သြဂုတ် ၂၈ ရက် ညနေပိုင်းတွင် ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားသိရှိခဲ့ကြောင်း သိရသည်။

ချီကာဂို ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ချီကာဂိုမြို့ အနောက်တောင်ပိုင်းရှိ လူနေတိုက်ခန်းတစ်ခုတွင် သြဂုတ် ၂၆ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ ကလေးငယ် ၆ ဦး နှင့် လူကြီး ၂ ဦး သေဆုံးသွားကြောင်း ၊ မီးညွန့် များမှာ မွန်းလွဲပိုင်းအထိ ကျန်နေကြောင်း သိရသည်။

ဝါရှင်တန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ  ဖလော်ရီဒါပြည်နယ် Jacksonville မြို့ ရှိ ဂိမ်းအရက်ဘားတစ်ခုတွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ သေနတ်သမားအပါအဝင် လူသုံးဦးသေဆုံးသွားကြောင်း ဒေသခံရဲတပ်ဖွဲ့ က သြဂုတ် ၂၆ ရက်တွင်ပြောကြားခဲ့သည်။

ဟူစတန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတောင်ပိုင်း တက္ကဆက်ပြည်နယ်တွင် သြဂုတ်လ ၂၅ ရက် နေ့လယ်ပိုင်းက ရထားတစ်စင်းအား ထရပ်ကားငယ်တစ်စီးက ဝင်တိုက်ခဲ့ရာ လူ ၂ ဦးသေဆုံးခဲ့ပြီး အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဝါရှင်တန် ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဆီးနိုတ်လွှတ်တော်အမတ် နှင့် သမ္မတလောင်း နှစ်ကြိမ် ဖြစ်ခဲ့ဖူးသူ ဂျွန်မက်ကိန်း(John McCain) သည် အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်ရှိ ၄င်း၏နေအိမ်၌ သြဂုတ် ၂၅ ရက်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၄င်း၏ လွှတ်တော်အမတ်ရုံး ထုတ်ပြန်ချက် တစ်စောင် အရ သိရသည်။