20
Thu, Jun
578 New Articles

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း တိုးချဲ့တည်ဆောက်ရန် နှင့် ၎င်း၏ မဲဆွယ်ကာလ ကတိကဝတ်အား ဖြည့်ဆည်းရန် နိုင်ငံတော်အရေးပေါ်အခြေအနေတစ်ရပ်ကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်က ကြေညာခဲ့သည်။

ချီကာဂို၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ချီကာဂိုမြို့စွန် Aurora မြို့ ရှိ ထုတ်လုပ်ရေးစက်ရုံတစ်ခုတွင် ဖေဖော်ဝါရီ ၁၅ ရက် က သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၅ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၌ နောက်ထပ် အစိုးရယန္တရားရပ်ဆိုင်းမှုကို ရှောင်လွှဲရန် နယ်စပ်လုံခြုံရေး နှင့် အသုံးစာရိတ် ဆိုင်ရာ ဥပဒေတစ်ရပ်ကို ဆီးနိတ်လွှတ်တော်က အတည်ပြုပြီးနောက် နာရီအနည်းငယ်အကြာတွင် အောက်လွှတ်တော်အမတ်များက ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းတွင် အတည်ပြုခဲ့ကြောင်း သိရသည်။

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အစိုးရယန္တရားရပ်ဆိုင်းမှုကို အဆုံးသတ်ရန် နှစ်ဖက်ပါတီ လွှတ်တော်ကိုယ်စားလှယ်များအကြား ရရှိခဲ့သော သဘောတူညီချက်တစ်ခုအပေါ် ၄င်းအနေဖြင့် ကျေနပ်ပျော်ရွှင်ခြင်း မရှိကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်အမျိုးသမီးငယ်တစ်ဦးသည် ၎င်း၏ ရည်းစားဖြစ်သူအား အဆုံးစီရင်ရန် စာဖြင့် တွန်းအားပေးခဲ့ကြောင်း ပြစ်မှုထင်ရှားသဖြင့် ၎င်း၏ပြစ်ဒဏ်အား အမေရိကန်နိုင်ငံ အရှေ့ပိုင်း Massachusetts ပြည်နယ် တွင် စတင်ချခံနေရပြီဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနက ဖေဖော်ဝါရီ ၁၁ရက် ကဖော်ပြခဲ့သည်။

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

နောက်ထပ် အမေရိကန်အစိုးရယန္တရားရပ်ဆိုင်းမှုအား ရှောင်လွှဲနိုင်ရန်အတွက် “ မူအားဖြင့်သဘောတူညီမှုတစ်ရပ်”ကို အမေရိကန်အထက်လွတ်တော် နှင့် အောက်လွှတ်တော် အမတ်များက ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းတွင် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

လော့အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အောရိန်းစီရင်စု ဖူလာတန်မြို့ ရှိ ယာဉ်ကြောရှုတ်ထွေးသော လမ်းမတစ်ခု ၏ လူသွားလမ်းပေါ်သို့ ဖေဖော်ဝါရီ ၁၀ ရက်က ထရပ်ကားတစ်စီးဝင်ရောက်လာခဲ့ရာ လမ်းသွားလမ်းလာ ၉ဦးအား တိုက်မိပြီးနောက် သစ်ပင်တစ်ပင်အား ဝင်တိုက်ခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်တွင် ဒုတိယအကြိမ်မြောက် တွေ့ဆုံမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၈ ရက်က ပြောကြားလိုက်သည်။

နယူးယောက် ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ နိုင်ငံတော်အခြေပြမိန့် ခွန်းပြောကြားပြီးနောက်တွင် ရင်းနှီးမြှုပ်နှံမှုသူများ၏အဆိုအရ ဒေါ်လာဈေးသည် ဖေဖော်ဝါရီ ၆ ရက်က ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းကို တည်ဆောက်ရန်၎င်းအနေနှင့် မဖြစ်မနေ သန္တွိဌာန် ချထားကြောင်း ဖေဖော်ဝါရီ ၅ ရက် ညပိုင်း ကပြုလုပ်သော နိုင်ငံတော်အခြေပြမိန့် ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားလိုက်သည်။