ဟဲထျန်၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟဲထျန်သည် Taklamakan သဲကန္တရ တောင်ဘက်ခြမ်းတွင် တည်ရှိပြီးဆင်းရဲနွမ်းပါးသော ဒေသတစ်ခုဖြစ်သည်။

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၂၀ ရက်) ည ပိုင်း၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၇၈)ဦးအား ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး၊ သေဆုံးသူ ၃ ဦးထပ်တိုးခဲ့ကာ ယနေ့အထိ သေဆုံးသူပေါင်း (၉၂)ဦး ရှိသွားပြီဖြစ်ကြောင်း နှင့် အတည်ပြုလူနာစုစုပေါင်း (၅,၅၄၁) ဦးထိရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၉ ရက်ည ၁၀ း ၀၀ နာရီခန့်တွင် နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နေအိမ်ဝင်း၌ လက်ပစ်ဗုံး တစ်လုံး တွေ့ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟက အတည်ပြု ဖြေကြားခဲ့သည်။

ဂျီနန် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ချင်းမင်းဆက်ခေတ်(၁၆၄၄ ခုနှစ် - ၁၉၁၁ ခုနှစ်)က တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုံးပြည်နယ် ပင်လယ်ရေအောက် နစ်မြုပ်ခဲ့သည့် စစ်သင်္ဘောပျက်၏ ၁၈ တန် အလေးချိန်ရှိ သံမဏိအခင်းပြားတစ်ခုကို ဆယ်ယူရရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနပညာရှင်များက စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

လန်ဒန်၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ် အသစ်ထပ်တိုးလူနာ ၄,၄၂၂ ဦးရှိခဲ့ရာ ယင်းမှာ ၄ လအတွင်း စံချိန်သစ် ဖြစ်ခဲ့ကြောင်းနှင့် ယခုအခါ နိုင်ငံအတွင်း စုစုပေါင်း အတည်ပြုလူနာ အရေအတွက် ၃၉၀,၃၅၈ ဦးထိ ရှိလာကြောင်း ဗြိတိန်နိုင်ငံ အစိုးရ၏ စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

ပေကျင်း၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံတွင် ကိုဗစ် ဒုတိယလှိုင်းကို ရှောင်လွှဲ၍မရနိုင်ဟု ဗြိတိန် ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း နှင့် ပြင်သစ်နိုင်ငံတွင် တစ်ရက်တည်း ထပ်တိုးလူနာ ၁၃,၀၀၀ ကျော်ဖြင့် စံချိန်တင်ခဲ့ကြောင်း စက်တင်ဘာ ၁၉ ရက်တွင်ရရှိသည့် ကမ္ဘာ့ကပ်ရောဂါအခြေအနေ သတင်းအချက်အလက်များအရ သိရသည်။

ဝူဟန့် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ခရီးသည် ၉၅၀ ဦး တင်ဆောင်ထားသော အလည်အပတ် ခရီးသွားရထားတစ်စင်းသည် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့မှ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် စတင်ထွက်ခွာခဲ့ကြောင်း ၊ ယင်း ခရီးသွား ရထားကြီးသည် ပြည်နယ်အတွင်းရှိ Xiangyang မြို့သို့ နှစ်ရက်ကြာ အလည်အပတ်ခရီးစဉ် တစ်ခု အဖြစ်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၉၃ ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် စက်တင်ဘာ ၁၉ ရက်အတွက် စုစုပေါင်း လူနာသစ် ၆၄၂ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) 

OVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၉၃ ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် စက်တင်ဘာ ၁၉ ရက်အတွက် စုစုပေါင်း လူနာသစ် ၆၄၂ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။ 

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)


မြန်မာနိုင်ငံတွင် လက်ရှိအချိန် ၌ COVID-19 ရောဂါကူးစက်မှုနေ့စဉ်မြင့်တက်နေသကဲ့သို့၊ သေဆုံးနှုန်းလည်း မြင့်တက်လျက်ရှိကြောင်း၊ ကပ်ရောဂါ ၏ သဘောတရားအရ နောက်နှစ်ပတ် မှ သုံးပတ်အတွင်း ကူးစက်မှုနှုန်း နှင့် သေဆုံးနှုန်း ဆက်လက်မြင့်တက်နိုင်ကြောင်း နှင့် ပြည်သူပါဝင်မှု အားကောင်းပါက ဆောလျင်စွာကျဆင်းသွားနိုင်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ စက်တင်ဘာ ၁၉ ရက်တွင်ပြောသည်။