ပြည်တွင်းခရီးသွားလုပ်ငန်းများ၂၀၂၁ ခုနှစ် ဧပြီတွင် ပြန်လည်စတင်လုပ်ကိုင်ရန် ခန့်မှန်းထားဟုဆို

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘတောင်သို့ ပြည်တွင်းဘုရားဖူးပြည်သူများလာရောက်စဉ် (ဆင်ဟွာ) Local

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ပြည်တွင်းခရီးသွားလုပ်ငန်းများအား၂၀၂၁ ခုနှစ် ဧပြီတွင် ပြန်လည်စတင်လုပ်ကိုင်ရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောကြားသည်။

“ပြည်တွင်းခရီးသွား ပြန်စဖို့ မတ်၊ဧပြီ ခန့်မှန်းထားတယ်၊ ရောဂါထိန်းချုပ်နိုင်မှုပေါ်မူတည်တယ်၊ဒါမှလည်း အလုပ်အကိုင်တွေပြန်ရလာမှာပေါ့" ၎င်းကဆိုသည်။
COVID-19 ကပ်ရောဂါ အခြေအနေအပေါ်မူတည်ကာ ပြည်တွင်းခရီးသွားလုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန် စီစဉ်ထားကြောင်း နှင့် COVID-19 ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း ခရီးသွားလုပ်ငန်းများက ပြင်ဆင်ထားကြောင်း သိရသည်။

" ပြည်တွင်းမှာ ရောဂါတွေ့ရှိမှုနှုန်းခုလို နည်းနည်းလာပြီး ထိန်းချုပ်လာနိုင်ရင်တော့ ပြည်တွင်းခရီးသွားလုပ်ငန်းကိုပြန်စချင်ကြပါပြီ “ ဟု ရွှေအိုးစည်ဘုရားဖူးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။COVID-19ကူးစက်ရောဂါအလွန်ကာလ ရပ်ရွာအခြေ ပြုသဘာဝ အခြေခံ ခရီးသွားလုပ်ငန်းဖော် ဆောင်နိုင်ရန်နှင့် ရပ်ရွာဒေသဖွံ့ဖြိုး တိုးတက်ရေး နှင့် ပြည်တွင်း၊ပြည်ပခရီးသွားများ သဘာဝ တောတောင် ရေမြေကိုထိတွေ့ခံစားနိုင်ရေး ရည်ရွယ်ပြီး ခရီးစဉ်ဒေသအသစ်များရှာဖွေထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
၂၀၁၉ ခုနှစ်တွင် ခရီးသွားလုပ်ငန်းမှ ငွေကျပ်၂.၅ ဘီလီယံရရှိခဲ့သော်လည်း၂၀၂ဝပြည့်နှစ်တွင်
ခရီးသွားလုပ်ငန်းတစ်ခုလုံး၏ ဝင်ငွေ ၉၀ရာခိုင်နှုန်းထိ ကျဆင်းခဲ့ကြောင်း သိရသည်။ (Xinhua)