ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နှစ်စဖြစ်သည့် အောက်တိုဘာ နှင့် နိုဝင်ဘာ နှစ်လတာအတွက် အခွန်ခွန်အရပ်ရပ်မှ ကောက်ခံရရှိငွေ ကျပ် ၅၉၉ ဒသမ ၁၂၃ ဘီလီယံ ရှိခဲ့ရာ ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကာလတူတွင် ကောက်ခံရရှိခဲ့သည့် ကျပ် ၁၀၂၉ ဒသမ ၄၉၃ ဘီလီယံ နှင့်နှိုင်းယှဉ်ပါက ကျပ် ၄၃၀ ဒသမ ၃၇ ဘီလီယံ လျော့နည်းသွားကြောင်း စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ဆင်ဟွာသို့ ဒီဇင်ဘာ ၂၉ ရက် တွင်ပြောကြားသည်။