ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
Saty at Home ကာလတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် များအသင်းမှကြီးမှူး၍ Zoom Application ဖြင့် အောက်တိုဘာ ၂၆ ရက်မှစ၍ ရွှေအရောင်းအဝယ် ပြုလုပ်လျက်ရှိရာ နေ့စဉ် ရွှေ ၅ ပိဿာဝန်းကျင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ အောက်တိုဘာ ၂၈ ရက်တွင်ပြောကြားသည်။