ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC) ဖြင့် ကုန်သွယ်မှု ပမာဏမှာ ကျပ် ၄၃ ဘီလီယံကျော်(အမေရိကန် ဒေါ်လာ ၃၃ သန်းကျော်) ရှိခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၆ ဘီလီယံကျော် ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ဖြင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် တိုးလာခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
အောက်တိုဘာလထဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် နေ့စဉ်အမေရိကန်ဒေါ်လာ ဝယ်ယူမှုများရှိနေသော်လည်း ဒေါ်လာဈေးမှာ ရက်ပိုင်းအတွင်း ၁၀ ကျပ်ခန့် ကျဆင်းခဲ့ကာ ဘဏ်များ၊ငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာပြန်လည်ဝယ်ယူသည့်ဈေးသည် တစ်ဒေါ်လာလျှင်၁၂၉၅ကျပ်အထိ ကျဆင်းလာကြောင်း သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

မော်တော်ယာဉ်အရောင်းပြခန်း (Showroom)များအတွက် သွင်းကုန်လိုင်စင်လျောက်ထားမှုအား အောက်တိုဘာလဆန်းမှစတင်ပြီး Fully Online စနစ်ဖြင့် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းကဆင်ဟွာသို့ အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

 ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ၅ ဒသမ ၈ ဘီလီယံ လျာထားမျှော်မှန်းထားခဲ့ရာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၅၆၈၉ ဒသမ ၂၅၀ သန်း)ရရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA)ထံမှ သိရသည်။ 

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင်စနစ် (Myanmar Companies Online-MyCO)  ဖြင့် မှတ်ပုံတင်မှု ၁၃၇၈ ခုရှိကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

မြန်မာ့ရွှေတစ်ကျပ်သားပေါက်ဈေး ကျပ် ၁,၃၀၅,၀၀၀ မှ ၁,၃၁၆,၀၀၀ သို့ ရောက်ရှိကာ ယနေ့တစ်ရက်တည်းတွင် ကျပ် ၁၁,၀၀၀ ဈေးတက်ခဲ့ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ အောက်တိုဘာ ၂ ရက်တွင်ပြောသည်။

ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါထိန်းချုပ်ရေးကာလအတွင်း ကြက်သားဝယ်လိုအားကျဆင်းမှုကြောင့် ကြက်ခြံဖမ်းဈေး ကြက်သားတစ်ပိသာလျှင် ၅,၀၀၀ ကျပ် မှ ၁,၈၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါက်တာခင်လှိုင်က ဆိုသည်။

 

ရန်ကုန် ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ)

ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄,၉၁၅ နေရာကို ဖန်တီးပေးနိုင်မည့် လုပ်ငန်းများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)ထံမှ သိရသည်။ 

ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါကာကွယ်ရေးထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတကာ နှင့် ကုန်သွယ်ရေး မြှင့်တင်နိုင်ရန် ရည်ရွယ်၍  အွန်လိုင်းမှ တဆင့် ကုန်သည်အချင်းချင်းချိတ်ဆက်ပေးသည့် စနစ်အား ကျင့်သုံးလျက်ရှိကြောင်း၊ ဆက်လက်၍ အွန်လိုင်း ကုန်စည်ပြပွဲများအားဆောင်ရွက်၍ ကုန်သွယ်ရေးအား မြှင့်တင်သွားရန်ရှိကြောင်း  စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ ဆင်ဟွာသို့ စက်တင်ဘာ ၂၉ ရက် တွင်ပြောသည်။