ရှန်ဟိုင်း၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အမေရိကန် လျှပ်စစ်ကားထုတ်လုပ်မှုကုမ္ပဏီ “Tesla”သည် တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် ၎င်း၏Model Yမော်တော်ယာဉ်ကို တနင်္လာနေ့က စတင်၍ ဖြန့်ချိခဲ့ကြောင်း သိရသည်။

ပေကျင်း၊ဇန်နဝါရီ၁၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံ၏ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) သည် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်ယွမ်ငွေ ၁၀၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅.၄၂ ထရီလီယံ) အထိ အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း ယနေ့ ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်သည့် တရားဝင် ကိန်းဂဏန်းအများအရ သိရသည်။

ဒူဘိုင်း ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

တရုတ်နိုင်ငံ CSCEC ME ကုမ္ပဏီ နှင့် တောင်ကိုရီးယားနိုင်ငံ SKE&C ကုမ္ပဏီ တို့ ပူးပေါင်းတာဝန်ယူ တည်ဆောက်သည့် ယူအေအီးနိုင်ငံ ရထားလမ်းစီမံကိန်းသည် လတ်တလောရက်ပိုင်းတွင် အရေးပါသည့် ချိတ်ဆက်မှုအပိုင်းများကို သက်မှတ်အချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း နှင့် ရထားလမ်းခင်းကျင်းသည့် လုပ်ငန်းအား တရားဝင် စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဘရာဇီးလီယာ ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး


ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုပြည်နယ်တက္ကသိုလ် စီးပွားရေးပညာ ပါမောက္ခ ဒေါက်တာ အီးလီယက်စ်ဂျက်ဘရီ က ဆင်ဟွာ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ရာတွင် တရုတ်နိုင်ငံ ကဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ဆောင်ရာတွင် ထူးချွန်သည့် အောင်မြင်မှုများရရှိခဲ့ပြီး ဆိုရှယ်လစ်စနစ် ၏ အားသားချက်ကို ပေါ်လွင်ထင်ရှားစေခဲ့ကြောင်း ပြောကြား ခဲ့သည်။

ပေကျင်း ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

တရုတ်နိုင်ငံအမျိုးသားစာရင်းစစ်ချုပ်ရုံး ၏ ဒီဇင်ဘာ ၃၀ ရက်တွင် နောက်ဆုံး အတည်ပြုစစ်ဆေးမှုများ အရ ၂၀၁၉ ခုနှစ် တရုတ်နိုင်ငံ ၏ ပြည်တွင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) မှာ တရုတ်ယွမ်ငွေ ၉၈.၆၅၁၅ ထရီလီယံ ဖြစ်ပြီ ကနဦးတွက်ချက်မှုထက် ယွမ်ငွေ ၄၃၅ ဘီလီယံ လျော့ကျခဲ့ကြောင်း ၊ ဈေးနှုန်းပြောင်းလဲမှုမရှိသည့် တွက်ချက်မှု အရဆိုပါက ယခင်နှစ်ထက် GDP သည် ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကနီးဦး တွက်ချက်မှုထက် ဝ.၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။

 

ရှန်ဟိုင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုများရှိနေဆဲဖြစ်သော်လည်း ရှန်ဟိုင်းမြို့နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အကြား ကုန်သွယ်မှုသည် ယခုနှစ်တွင် ဆက်လက်အားကောင်းဆဲဖြစ်ကြောင်း ရှန်ဟိုင်းအကောက်ခွန်ဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

ဝူဟန့် ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

တရုတ်နိုင်ငံ ဝူဟန့်စသောဒေသများရှိ လုပ်ငန်းကုမ္ပဏီများမှ ထုတ်လုပ်ထားသည့် ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများ သယ်ဆောင်ထားသည့် တရုတ်-ဥရောပ ရထားပို့ဆောင်ရေးခရီးစဉ်၏ ခရီးစဉ် အမှတ် X8015 က ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းအချိန်တွင် ဝူဟန့်မြို့ ဝူကြားဆန်းဘူတာရုံမှ ဂျာမနီနိုင်ငံ Duisburg မြို့သို့ စတင်ထွက်ခွာသွားခဲ့ပြီး ယင်းမှာ ယခုနှစ် အတွင်း ဝူဟန့်မြို့ မှ စတင်ထွက်ခွာသည့် အကြိမ် ၁၀၀ မြောက် တရုတ်-ဥရောပ ရထားခရီးစဉ် ဖြစ်ကြောင်း သိရှိရသည်။

ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် မျှော်မှန်းထားသည်ထက် ပုံမှန်အခြေအနေသို့ မြန်ဆန်စွာရောက်ရှိလာခဲ့ကြောင်း ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်လိုက်သည့် အစီရင်ခံစာအရ သိရသည်။

နန်ကျင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်ဆူးပြည်နယ် ဝူရှီမြို့တွင် တင်သွင်းအေးခဲအစားအစာ နမူနာတစ်ခုကို စမ်းသပ်စစ်ဆေးခဲ့ရာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ရကြောင်း ဒေသတာဝန်ရှိသူများက ဒီဇင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။

ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အာဂျင်တီးနားနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနသည် တရုတ်နိုင်ငံ လုပ်ငန်းကုမ္ပဏီ ၃ ခုနှင့် ရထားလမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ၄ ခု ကို အာဂျင်တီးနားနိုင်ငံ သမ္မတအိမ်တော်၌ ဒီဇင်ဘာ ၁၁ ရက် တွင် လက်မှတ်ရေးထိုးခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄.၆၉၅ ဘီလီယံရှိကြောင်း သိရှိရသည်။