C919 လေယာဉ်ကို China Eastern Airlines လေကြောင်းလိုင်းသို့ ပထမဦးဆုံး ပေးပို့

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Turpan မြို့ရှိ Turpan Jiaohe လေဆိပ်တွင် C919 ခရီးသည်တင်လေယာဉ်တစ်စင်း ဆင်းသက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ) Economy

ရှန်ဟိုင်း၊ မတ် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်တွင်းထုတ် C919 ခရီးသည်တင် လေယာဉ်အား ဈေးကွက်အတွင်း တရားဝင်ရောက်ရှိရန် China Eastern Airlines နှင့် တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံး လေယာဉ်ကော်ပိုရေးရှင်း(COMAC) တို့ကြား လေယာဉ်ငါးစင်း ဝယ်ယူရန်အတွက် မတ် ၁ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။


အဆိုပါ လေယာဉ်အသစ်များကို ရှန်ဟိုင်းမှ ပေကျင်း၊ ကွမ်ကျိုး၊ ဆန်းကျန့်နှင့် ချိန်တူး စသည့်လမ်းကြောင်းခရီးစဉ်များ၌ အသုံးပြုသွားမည်ဖြစ်ကြောင်း လေကြောင်းကုမ္ပဏီက ပြောခဲ့သည်။
China Eastern Airlines လေကြောင်းလိုင်းအနေဖြင့် C919 ထုတ်လုပ်မှုစတင်စဉ်ကတည်းက နက်နက်ရှိုင်းရှိုင်း ပါဝင်လျက်ရှိကြောင်း၊ ၂၀၁၆ ခုနှစ်တွင် C919 က COMAC နှင့် ပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘာ့ပထမဆုံး C919 လေယာဉ် အသုံးပြုသည့် လေကြောင်းလိုင်း ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ပထမဆုံးကိုယ်တိုင်ထုတ်လုပ်သော C919 လေယာဉ်တွင် ထိုင်ခုံ ၁၅၈-၁၇၄ နေရာပါရှိပြီး ၄,၀၇၅ မှ ၅,၅၅၅ ကီလိုမီတာ ထိ ပျံသန်းနိုင်ကြောင်း၊ ပွဲဦးထွက်ပျံသန်းမှုကို ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

-------------------------------------------------------
(English Version)

First C919 jet to be delivered to China Eastern Airlines

SHANGHAI, March 1 (Xinhua) -- China Eastern Airlines and Commercial Aircraft Corporation of China (COMAC) signed a purchase contract for five planes on Monday, marking the official entry into market operation for China's indigenously-developed C919 large passenger aircraft.

The new planes will be used on routes from Shanghai to Beijing, Guangzhou, Shenzhen and Chengdu, according to the airline company.
China Eastern Airlines has been participating deeply in the development of the C919 since a very early stage. In 2016, China Eastern Airlines signed a cooperation framework agreement with COMAC, becoming the world's first user of the C919.

The C919, China's first self-developed trunk jetliner, has 158-174 seats and a range of 4,075-5,555 km. The plane conducted its successful maiden flight in 2017. ■
A C919 large passenger aircraft lands at the Turpan Jiaohe Airport in Turpan, northwest China's Xinjiang Uygur Autonomous Region, June 28, 2020. (Photo by Liu Jian/Xinhua)