ပေကျင်း ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)
နိုင်ငံတကာငွေကြေးဈေးကွက်တွင် သတိပြုမိကြသည်ဆိုသောအနေအထားတွင်သာရှိခဲ့သည့်ငွေကြေး အဖြစ်မှသည်ယခုအခါကမ္ဘာအနှံ့အသိအမှတ်ပြုခံရသည့်အခြေအနေသို့ရောက်ရှိလာခဲ့သော ငွေကြေး တစ်မျိုးကိုဖေါ်ပြပါဆိုလျှင် တရုတ်နိုင်ငံသုံးငွေကြေးဖြစ်သော ယွမ်ငွေ ကို ရည်ညွှန်း ဖေါ်ပြရပေမည်။ လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့အဆင့်တွင်တရုတ်ယွမ်ငွေ ပါဝင်မှုတိုးမြင့်လာခြင်းကလည်း တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားနှင့်ပြောင်းလဲမှုမရှိနိုင်သောတံခါးဖွင့်စီးပွားရေးလုပ်ငန်းစဉ်တိုးတက်မှု တို့အားဖေါ်ပြနေ ခြင်းလည်းဖြစ်ပေသည်။