ရှန်ဟိုင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)
ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (China International Import Expo) အား ယခုနှစ် နိုဝင်ဘာလအစောပိုင်းတွင် ကျင်းပရန်စီစဉ်ထားပြီး ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီပေါင်း ၅၀၀ ကျော် တက်ရောက်ရန် အတည်ပြုထားကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူများက ဇန်နဝါရီလ ၁၈ ရက်၌ ပြောကြားခဲ့သည်။