ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် အစိုးရက အိမ်ခြံမြေဝယ်ယူခွင့် ကန့်သတ်ချက်များကို ဆက်လက်ထားရှိနေသောကြောင့် မြို့ကြီးများရှိ အိမ်ခြံမြေဈေးနှုန်းများမှာ ဧပြီလအတွင်း တည်ငြိမ်နေကြောင်း မေလ ၁၆ ရက်တွင် ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရသည်။

ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ)

စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲအား အမေရိကန်နိုင်ငံသို့ လာရောက်ပါရန် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ထံမှ ဖိတ်ကြားချက်အား တရုတ်နိုင်ငံက ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မေလ ၉ ရက်တွင် ပြောကြားလိုက်သည်။

ရှန်ဟိုင်း ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းသည် ဆော်ဒီ၏ ၂၀၃၀ခုနှစ် ဆော်ဒီရည်မှန်းချက်(Saudi Vision 2030) နှင့်ကိုက်ညီမှုများရှိကြောင်း ဆော်ဒီအာရေဗျနိုင်ငံ အမျိုးသားစက်မှုလုပ်ငန်း ဖွံဖြိုးတိုးတက်မှုစီမံကိန်း ရေးဆွဲရေးဌာနဥက္ကဌ က ဧပြီလ ၂၅ ရက်နေ့တွင် ကျင်းပသော ဆော်ဒီ-တရုတ် ရာဘာအချောကုန် လုပ်ငန်းဆိုင်ရာဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin သည် တရုတ်နိုင်ငံသို့ လာရောက်ကာ စီးပွားရေးနှင့် ကုန်သွယ်ရေး ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးလိုသည့် သတင်းအား တရုတ်နိုင်ငံက လက်ခံရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) က ဧပြီလ ၂၂ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ကွမ်ကျိုး၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်တောင်ပိုင်းတွင် ၁၂၃ ကြိမ်မြောက် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်စည်ပြပွဲအား ဧပြီလ ၁၅ ရက်တွင် ဖွင့်လှစ်လိုက်ပြီး ကုမ္ပဏီပေါင်း ၂၅,၀၀၀ ကျော်က ဝင်ရောက်ပြသခဲ့ကြောင်း သိရသည်။

ဘိုအောက် ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

လွန်ခဲ့သော တစ်နှစ်က ဒါဗိုစ့်မြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မိန့်ခွန်းပြောကြားစဉ် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က လွတ်လပ်စွာကုန်သွယ်ရေးမူဝါဒအားခုခံကာကွယ်ပြောကြားခဲ့သည်။

ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့အင်အားအကြီးဆုံး စီးပွားရေး နိုင်ငံနှစ်ခုဖြစ်သော တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား ယခုအခါတွင် ကုန်သွယ်ရေး တင်းမာမှု မြင့်တက်လျက်ရှိပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုများ ရှိလာကြသည်ကို တွေ့ရသည်။

ပေကျင်း ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

ဧပြီလ ၃ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပသောသတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ၂၀၁၈ ခုနှစ်သည် တရုတ်နိုင်ငံပြုပြင်ပြောင်းလဲရေးတံခါးဖွင့်ဝါဒ ကျင့်သုံးလာသော နှစ် ၄၀ ပြည့်နှစ်ဖြစ်ကြောင်း၊ ယခုလို သမိုင်းတင်ဖွယ်အရေးကြီးသည့်အခါသမယတွင် ၂၀၁၈ ခုနှစ် အာရှဒေသ ဆိုင်ရာ ဘိုအော်ဖိုရမ်((Boao Forum for Asia)သို့ သမ္မတ ရှီကျင့်ဖိန် ပါဝင်တက်ရောက်ခြင်းမှာ ခေတ်သစ် တရုတ်နိုင်ငံ၏နိုင်ငံခြားရေးမူဝါဒများကို ထဲထဲဝင်ဝင်ဖြစ်အောင် ဆောင်ရွက်ခြင်းဖြစ်သလို အာရှသာမက လူသားများ၏ကံကြမ္မာတူအကျိုးတူဘ၀ တည်ဆောက်ရေးအတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ခြင်းဖြစ်ပြီး လူသားများ၏ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ခြင်းလည်းဖြစ်သောကြောင့် လေးနက်သည့်အဓိပ္ပါယ်ဖော်ဆောင်ကြောင်း ပြောကြားခဲ့သည်။

ပေကျင်း၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၁၈ ခုနှစ် အာရှအတွက် Boao ဖိုရမ် (BFA) နှစ်ပတ်လည် ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဧပြီလ ၃ ရက်တွင် ပြောကြားလိုက်သည်။