ဝန်းကျိုး၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ) 

ယခုနှစ်ပိုင်းများတွင် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝန်းကျိုးမြို့ ဖိန်ရန်ခရိုင် နန်ကျိမြို့လေးသည် ပင်လယ်ကျွန်း ခရီးသွား အရင်းအမြစ်အားသာချက်ဖြင့် ပင်လယ်ကျွန်းနေ အပန်းဖြေခရီးသွားလုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

အာရှ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) အုပ်ချုပ်ရေးအဖွဲ့မှ လိုက်ဘေးရီးယားနိုင်ငံ၏ အဖွဲ့ဝင်လျှောက်ထားခြင်းကို ခွင့်ပြုလိုက်ပြီးနောက် အာဖရိကတိုက်တွင် အဖွဲ့ဝင် အရေအတွက် ၁၀ နိုင်ငံနှင့် အလားအလာရှိသောအဖွဲ့ဝင် ၉ နိုင်ငံအထိရှိလာပြီဖြစ်ကြောင်း သိရသည်။ 

ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ရေဘေးသင့်ဒေသများ၌ ရေအရင်းအမြစ်နှင့် စိုက်ပျိုးရေးထုတ်လုပ်မှု အခြေခံ အဆောက်အအုံများ ပြန်လည်ထိန်းသိမ်းရန်အတွက် ဗဟိုဘတ်ဂျက်မှ ယွမ် သန်း ၈၃၀ (အမေရိကန်ဒေါ်လာ ၁၁၉.၀၅ သန်း) ကို ချမှတ်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက်တွင် ပြောကြားခဲ့သည်။ 

 

ပေကျင်း ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင် နှင့် ဈေးကွက်အဖွဲ့အစည်းကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု ပေးနိုင်ပြီး ဆက်လက် တိုးတက်စေရန် ဇူလိုင် ၂၁ ရက်တွင် နိုင်ငံတော်ကောင်စီက လမ်းညွှန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ 

ဝူးလူမုချီ ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ချင်းဟိုင် ပြည်နယ် Golmud မြို့ မှ ရှင်းကျန်းဒေသ Korla မြို့ အကြား ချိတ်ဆက်ထားသည့် ရထားလမ်းပိုင်းကို ယနေ့ ဇူလိုင်၂၁ ရက် တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း ၊ ရှင်းကျန်း ရထားလမ်းပိုင်း နှင့် ချင်းဟိုင် ရထားလမ်းပိုင် တို့ သည် ပျှမ်းမျှပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေ ၃,၀၀၀ ပေါ် တွင် ချိတ်ဆက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ကယ်ခုရထားလမ်း တည်ဆောက်မှုမှာအလုံးစုံ ပြီးမြောက်သွားပြီဖြစ် စတင်လည်ပတ်အသုံးပြုနိုင်ရန် ခိုင်မာသည့် အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း (ASEAN) တို့ ပို့ဆောင်ရေး နှင့် ထောက်ပံသယ်ပို့ရေးလုပ်ငန်းများ လွယ်ကူစွာ စီးဆင်းနိုင်မှုကို ထိန်းသိမ်းရန် နှင့် ကမ္ဘာ့ စက်မှုလုပ်ငန်းဆိုင်ရာနှင့် ကုန်ပစ္စည်းထောက်ပံ့ရေးများ တည်ငြိမ်မှုရှိရန် အားကောင်းစွာ ပူးပေါင်းဆောင်ရွက်သွားသင့်ကြောင်း သယ်ယူပို့ဆောင် ရေးဝန်ကြီးဌာန ဝန်ကြီး လီရှောက်ဖုန်က ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန်  (FTZs) ၁၈ ခုတွင် ယခုနှစ် ပထမငါးလအတွင်း စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယွမ် ၆၀.၂၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈.၆၁ ဘီလီယံ)  အသုံးပြုထားကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန (MOC) က ဇူလိုင် ၁၀ ရက်၌ ပြောကြားခဲ့သည်။ 

လျို့ဖန်ဆွေ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်တွင် တစ်နာရီလျှင် ၂၅၀ ကီလိုမီတာ အမြန်နှုန်းဖြင့် ပြေးဆွဲနိုင်ရန်တည်ဆောက်ထားသော အန်ရွှန့်-လျို့ဖန်ဆွေ မြို့ချင်းဆက်ရထားလမ်းအား ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ရှမန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာတင်သင်္ဘော HMM GDANSK သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့ရှိ ဆိပ်ကမ်း၌ ဇူလိုင် ၇ ရက်က ဆိုက်ကပ်လာခဲ့ကြောင်း သိရသည်။ 

ရှင်းထိုင် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) 

အသက် ၃၉ နှစ် အရွယ်ရှိသူ ချန်ဆောက်ဟွေး(Chen Shaohui)သည် ပျားမွေးမြူရေးလုပ်ငန်းကို အသက် ၁၆ နှစ် အရွယ်တွင် စတင်ထိတွေ့လုပ်ကိုင်ခဲ့ပြီး ယခုအခါတွင် နာမည်ကြီး ပျားမွေးမြူရေး ကျွမ်းကျင်သူ တစ်ဦး ဖြစ်လာခဲ့သည်။