ကျိနန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ တည်ဆောက်နေဆဲဖြစ်သော ရွှေတွင်းတစ်လျှောက် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြေအောက်တွင် ပိတ်မိနေသည့် လုပ်သား ၂၂ ဦးကို ရှာဖွေရာ၌ ကယ်ဆယ်ရေးသမား ၃၀၀ ကျော် ပူးပေါင်းပါဝင်လျက်ရှိကြောင်း ဒေသခံတာဝန်ရှိသူများက ဇန်နဝါရီ ၁၂ ရက်က ပြောကြားခဲ့သည်။

ဝူဟန့်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ ယန်ဇီမြစ်ပေါ်ရှိ မြစ်ကျဉ်းသုံးသွယ် ရေအားလျှပ်စစ်စွမ်းအင်စက်ရုံသည် ၂၀၂၀ ပြည့်နှစ်အတွင်း ကီလိုဝပ်နာရီ ၁၁၁.၈ ဘီလီယံ ထုတ်လုပ်နိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

ဝူဟန့်၊ နန်ချန်း၊ ချန်ရှား၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

ယန်ဇီမြစ်၏ အဓိကရေပြင်တွင် ငါးဖမ်းခွင့်ပိတ်ပင်မှု စတင်သည့် အခမ်းအနားတစ်ရပ်ကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် မြို့တော် ဝူဟန့်တွင် ဒီဇင်ဘာ ၃၁ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

ချန်ရှား၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်တွင် ပိတ်မိနေသော မိုင်းတွင်းလုပ်သား ၁၃ ဦးကိုရှာဖွေရန် ကယ်ဆယ်ရေးသမားများစွာသည် ဒီဇင်ဘာ ၃ ရက်၌ ရေနစ်မြုပ်နေသော ကျောက်မီးသွေးတွင်းထဲသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
လဲ့ယန်မြို့ရှိ ရေဖုံးလွှမ်းနေသော Yuanjiangshan ကျောက်မီးသွေးတွင်း၌ မြေအောက်ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် ကယ်ဆယ်သမားများအတွက် နေရာရရှိရန်အတွက် တွင်းထဲမှရေများကို ရေစုပ်စက်များဖြင့် လေးရက်ကြာ စုပ်ထုတ်ပြီးနောက် ယခုကဲ့သို့ ကယ်ဆယ်ရေးအဆင့်သစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေသခံကယ်ဆယ်ရေးဌာနချုပ်က ပြောခဲ့သည်။

ဝူဟန့်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ မြစ်ကျဉ်းသုံးသွယ်  (Three Gorges) ရေကာတာသည် ၂၀၀၃ ခုနှစ်တွင် စတင်တည်ဆောက်ချိန်ကစ၍ ရေကာတာအတွင်း ရေစီးဆင်းမှု စံချိန်တင်မြင့်တက်နေမှုအပေါ် စစ်ဆေးရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။

 

ပေကျင်း ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန အရေးပေါ် စီမံခန့်ခွဲရေး ဌာန က ဒေသတွင်း အစိုးရ ၏ တောင်းဆိုချက် အရ အန်းဟွေးပြည်နယ် အရေးပေါ် ဗဟို ကယ်ဆယ်ရေး ရန်ပုံငွေ ယွမ်ငွေ သန်း ၃၀၀ ပေးအပ်သွားမည် ဖြစ်ပြီး ယင်းငွေများကို ရေဘေးသင့် ဒေသ ပြည်သူများအတွက် ပြန်လည် နေရာချထားရေး ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။  

 ဆန်းရ ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ) 

တရုတ်သုတေသီများက တောင်တရုတ်ပင်လယ်ရှိ ရေနက်ပိုင်း၌ သိပ္ပံဆိုင်ရာ လေ့လာရေးခရီးစဉ်တစ်ခုအတွင်း ဝေလငါးမျိုးစိတ် ၁၁ မျိုးအား တွေ့ရှိခဲ့ကြောင်း တရုတ်သိပ္ပံအကယ်ဒမီက ဇူလိုင် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ 

ဖောရန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ဖောရန်ခရိုင်အနီးရှိ ရေကာတာတွင် ချန်ကျန်းမြစ်မှ ဒီရေများ မြင့်တက်လာခြင်းကြောင့် ရေကာပေါ်တွင် အလျား ၁,၅၀၀ မီတာနှင့် အမြင့် ၁.၅ မီတာ ရှိသော အကာအရံတည်ဆောက်ကာ ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးလုပ်ငန်းများကို ရဲတပ်ဖွဲ့ဝင်များက ပါဝင်ကူညီခဲ့ကြသည်။

ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ယနေ့ (ဇူလိုင် ၂ ရက်) နံနက် ၈နာရီဝန်းကျင်တွင် ကချင်ပြည်နယ်၊  မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများ၌ မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ ရုပ်အလောင်း ၅၀ ခန့်ကို လက်တလောရှာဖွေရရှိထားကြောင်း ဆိပ်မူအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်မှူး ဦးဒေါ်လာက ဆင်ဟွာသို့ပြောကြားသည်။

ချိုမိုလန်းမားတောင်၊ မေ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် ဧဝရတ်တောင်(ချိုမိုလန်းမားတောင်)အမြင့်တိုင်းတာရေး ပညာရှင်အဖွဲ့သည် ယနေ့(မေ ၂၇ ရက်)တွင် တောင်ထိပ်သို့ ရောက်ရှိခဲ့ပြီဖြစ်ရာ ယခုအခါ တောင်အမြင့်ကို တိုင်းတာရန် မြေတိုင်းကိရိယာများတပ်ဆင်လျက်ရှိကြောင်း သိရသည်။