စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့ ၏ အနောက်မြောက်ဘက်(၁၂)မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိငလျင်လှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့ ၏ အနောက်မြောက်ဘက်(၁၂)မိုင်ခန့်အကွာ ၊ မြောက် လတ္တီတွဒ် (၂၄.၄၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၇၁) ဒီဂရီ၊ အနက်(၇၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါငလျင်သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၅၅)မိနစ်၊ (၃၁) စက္ကန့် အချိန်တွင် လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ၎င်း ငလျင်ကြောင့်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။ (Xinhua)