ပေကျင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

တရုတ် တိုင်ပေရှိ ဟွာလျန်ခရိုင်အနီး ပင်လယ်ပြင်တွင် ပြင်းအား ၅.၂ ပမာဏရှိသော ငလျင်တစ်ခု ဇန်နဝါရီလ ၃၀ ရက် ပေကျင်းစံတော်ချိန် ၁၃း၂၁ နာရီက လှုပ်ရှားသွားကြောင်း တရုတ်ငလျင်ကွန်ရက်များစင်တာ (CENC) အရ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ဇန်နဝါရီ လ ၄ ရက်နေ့ မှ ၇ရက် နေ့အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် ထူးခြားမိုးလေဝသ ဖြစ်စဉ်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ပေကျင်း၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် (Xi Jinping)က အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဆွန်ဒါရေလက်ကြား ရှိ ကမ်းရိုးတန်းဧရိယာတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဆူနာမီဖြစ်ပွားခဲ့မှု ကြောင့် လူအများအပြားသေဆုံးခဲ့မှု နှင့် ပတ်သက်၍ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို (Joko Widodo) ထံသို့ ဝမ်းနည်းကြောင်း ပေးပို့ခဲ့သည်။

ပေကျင်း ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

ယနေ့နံနက် ဒေသစံတော်ချိန် ၇ နာရီ ၅၇ မိနစ်တွင် ထိုင်ဝမ်ရေလက်ကြားအနီး၌ ပြင်းအား ၆.၂ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း တရုတ်နိုင်ငံငလျင်ကွန်ရက်စင်တာ(CENC) ၏ ပြောကြားချက်အရ သိရသည်။

ပေကျင်း ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ အရေးပါသည့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ၃၆ ခုကို နိုင်ငံတော်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက် ပြည်သူ့ဥယျာဉ်များအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ၊ ယင်းမှာ အကျယ်အဝန်းအားဖြင့် စုစုပေါင်း မြေဟက်တာ ၆၁ဝ,ဝဝဝ အထိ ရှိကြောင်း အမျိုးသားယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲရေး(NCHA) က ဆိုသည်။

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

စက်တင်ဘာ လ (၁) ရက်မှ (၃၀)ရက်အတွင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ စီမံခန့်ခွဲ မှု နယ်မြေ မိုင်တိုင် (ဝ) မှ (၃၅၂/၆) အတွင်းယာဉ် မတော်တဆ ဖြစ်ပွား (၄၄) မှုသေဆုံး ကျား (၄) ဦးမ (၁) ဦး နှင့် စုစုေပေါင်း(၅)ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့ သတင်းထုတ်ပြန်သည်။

ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဆူလာဝေစီပြည်နယ်(Sulawesi)၌ လူအများအပြားသေဆုံးခဲ့ရသည့် အင်အားပြင်း ငလျင်ဒဏ် နှင့် ဆူနာမီဒဏ် ခံစားခဲ့ရခြင်းအပေါ် ကြေကွဲဝမ်းနည်းရပါကြောင်း သဝဏ်လွှာတစ်စောင်ကို အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုထံ စက်တင်ဘာ ၃ဝ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ဒေသ Rutog နယ်မြေတွင် စက်တင်ဘာလ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၅း၁၃ နာရီတွင် ပြင်းအား ၅.၁ ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်များစင်တာ (CENC) ထံမှ သိရသည်။

ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ Kermadec ကျွန်းများတွင် စက်တင်ဘာလ ၁၀ ရက် ပေကျင်းစံတော်ချိန် နေ့လယ် ၁၂း၁၈ နာရီက ပြင်းအားပမာဏ ၇ ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်များစင်တာ (CENC) အရ သိရသည်။

ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟိုအစိုးရက ရေလွှမ်းမိုးခြင်းနှင့် ရွှံ့နွံများဖုံးလွှမ်းခံရသော ဒေသများရှိ သဘာဝဘေးလျော့ပါးရေး လုပ်ဆောင်မှုများတွင် ကူညီရန် ယွမ် ၁၅၅ သန်းသုံးစွဲရန် ရန်ပုံငွေများ ပေးအပ်ခဲ့ကြောင်း အရေးပေါ် စီမံခန့်ခွဲမှု ဝန်ကြီးဌာနထံမှ သိရသည်။