ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ Modayag မြို့ အရှေ့တောင်ဘက် ၁၃၈ကီလိုမီတာအကွာ၌ ဖေဖော်ဝါရီ ၂ရက် ဂင်းနစ်စံတော်ချိန် ၀၀း၂၀း၄၂ နာရီ တွင် အင်အား ရစ်ချ်တာစကေး ၅.၅ ပမာဏရှိသည့် ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး (USGS) ကပြောကြားခဲ့သည်။