ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် တရုတ် နိုင်ငံ သို့ ရောက်ရှိ တရုတ် နိုင်ငံ တရားဝင် လည်ပတ်ရေး ခရီးစဉ် စတင်

ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေ က ဇန်နဝါရီ ၃၁ ရက်နေ့ နံနက်ပိုင်း အချိန်တွင် တရုတ် နိုင်ငံ ဝူဟန့် မြို့ သို့ရောက်ရှိ လာစဉ်(ဆင်ဟွာ) Politics, Law & Military

ဝူဟန့် ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေ သည် ဇန်နဝါရီ ၃၁ ရက်နေ့ နံနက်ပိုင်း အချိန်တွင် တရုတ် နိုင်ငံ ဝူဟန့် မြို့ သို့ရောက်ရှိ ခဲ့ပြီး ၎င်း၏ တရုတ် နိုင်ငံ တရားဝင် လည်ပတ်ရေး ခရီးစဉ် ကို စတင်ခဲ့ကြောင်း သိရှိရသည်။

ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေ သည် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ၏ ဖိတ်ကြားချက် အရ တရုတ် နိုင်ငံ သို့လာရောက်လည်ပတ်ခြင်း ဖြစ်သည်။ ၎င်း အနေဖြင့် ဇန်နဝါရီ ၃၁ ရက်နေ့ မှ ဖေဖော်ဝါရီ ၂ ရက်နေ့ အထိ တရုတ် နိုင်ငံ တရားဝင် လည်ပတ်မှု ပြုလုပ်သွားမည် ဖြစ်ပြီး တရုတ်-ဗြိတိန် နှစ်နိုင်ငံ ဝန်ကြီးချုပ် များ၏ နှစ်စဉ် အစည်းအဝေး ကိုလည်း ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေ က ဇန်နဝါရီ ၃၁ ရက်နေ့ နံနက်ပိုင်း အချိန်တွင် တရုတ် နိုင်ငံ ဝူဟန့် မြို့ သို့ရောက်ရှိ လာစဉ်(ဆင်ဟွာ)

ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေ ၏ တရုတ် နိုင်ငံ သို့ လာရောက် လည်ပတ်သည့် ခရီးစဉ် သည် ၎င်းအနေဖြင့် ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် တာဝန် စတင် ထမ်းဆောင်ပြီးနောက် ပထမ ဦးဆုံး အကြိမ် တရုတ် နိုင်ငံ သို့ လာရောက်လည်ပတ်သည့် ခရီးစဉ် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)