တရုတ်နိုင်ငံစစ်တပ်မှ ဝက်ဘ်ဆိုက်သစ်တစ်ခု လွှင့်တင်

တရုတ်နိုင်ငံမှ တပ်ဖွဲ့ဝင်များအား စစ်ရေးပြအခမ်းအနားတစ်ခု ၌တွေ့ရစဉ် (ဆင်ဟွာ) Politics, Law & Military

ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၎င်း၏ စစ်တပ်ခေတ်မီတိုးတက်ရေးကို မြှင့်တင်ရန် အတွက် ဝက်ဘ်ဆိုက်သစ်တစ်ခု ကို မတ် ၂၆ ရက် က လွှင့်တင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် နှင့် ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ကျန်းယို့ရှာ (Zhang Youxia) က အဆိုပါ ဝက်ဘ်ဆိုက်၏ အဓိက ရည်ရွယ်ချက်ပန်းတိုင်သည် အင်အားတောင့်တင်းသော စစ်တပ်တစ်ခု တည်ဆောက်ရန် နိုင်ငံ၏ ကြိုးပမ်းမှုများကို အထောက်အပံ့ပေးရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျန်းက တရုတ်နိုင်ငံ အနေဖြင့် ခိုင်မာတောင့်တင်းသော စစ်တပ်တစ်ခု ဖန်တီးရာတွင် အကူအညီပေးရန် နှင့် တပ်ဖွဲ့ဝင်များအား ထောက်ပံ့ပေးမည့် သတင်းအချက်အလက်များ၊ တီထွင်ဆန်းသစ်မှုများ နှင့် ဝန်ဆောင်မှုများကို ယင်း ဝက်ဘ်ဆိုက်မှ တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)