တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရုရှားနိုင်ငံရှိ ဈေးဝယ်စင်တာ မီးလောင်ကျွမ်းမှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ရုရှား သမ္မတ ပူတင်ထံ ပေးပို့

ရုရှားနိုင်ငံရှိ ဈေးဝယ်စင်တာ မီးလောင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ) Politics, Law & Military

ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံတောင်ပိုင်း Kemerovo မြို့တွင် အနည်းဆုံး လူ ၅၆ ဦး သေဆုံးခဲ့သည့် မတ်လ ၁၅ ရက်က ဈေးဝယ်စင်တာ မီးလောင်ကျွမ်းမှုအတွက် ဝမ်းနည်းရပါကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်ထံသို့ မတ်လ ၂၆ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။

လူသေဆုံးမှုနှင့် အိုးအိမ် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် မီးလောင်သတင်းအား ကြားသိရသည့်အခါ ထိတ်လန့်မိပါကြောင်း ရှီက သဝဏ်လွှာ၌ ပြောကြားခဲ့သည်။

ရှီက တရုတ်နိုင်ငံ အစိုးရ၊ ပြည်သူများ ကိုယ်စားနှင့် ၎င်းကိုယ်တိုင်အနေဖြင့် ဆွေမျိုးသားချင်း ဆုံးရှုံးရသည့် မိသားစုများနှင့် ဒဏ်ရာရသူများအတွက် ထပ်တူဝမ်းနည်းကြောင်း ပြသခဲ့ပြီး မီးလောင်မှုကြောင့် သေဆုံးသူများအတွက် ကြေကွဲရပါကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်ကလည်း ရုရှားနိုင်ငံ ဝန်ကြီးချုပ် Dmitry Medvedev ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

ရုရှားနိုင်ငံရှိ လေးထပ်အဆောက်အအုံ ဈေးဝယ်စင်တာတစ်ခု မတ်လ ၂၅ ရက် နေ့လည်ပိုင်းကစ၍ မတ်လ ၂၆ ရက် နေ့လည်ပိုင်းအထိ မီးလောင်ကျွမ်းခဲ့ပြီး ကလေးငယ်များ အပါအဝင် လူပေါင်းများစွာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)