၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပါဝင်ပြသ

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသော ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲနှင့် Army-2020 နိုင်ငံတကာ စစ်ဘက်ဆိုင်ရာနည်းပညာဖိုရမ် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ရာအားကစားရုံသို့ တရုတ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ ဝင်ရောက်လာစဉ် (ဆင်ဟွာ Politics, Law & Military

မော်စကို၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲတွင် ပါဝင်ပြသရန် အဖွဲ့ခြောက်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၆၀ ကျော် စေလွှတ်ခဲ့ကြောင်း သိရသည်။ 

နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲကို ရုရှားနိုင်ငံက လွန်ခဲ့သော ၇ နှစ်အကြာက စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။  ယခုနှစ်ပြပွဲကို ရုရှားနိုင်ငံ၌ ကျင်းပခြင်း ဖြစ်ပြီး ဘဲလာရုစ်၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်နှင့် ဥဇဘက်ကစ္စတန် အပါအဝင် နိုင်ငံများစွာ၌လည်း ဩဂုတ် ၂၃ ရက်မှ စက်တင်ဘာ ၅ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသော ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲနှင့် Army-2020 နိုင်ငံတကာ စစ်ဘက်ဆိုင်ရာနည်းပညာဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ တင်ဆက်ပြသမှုတစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသော ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲနှင့် Army-2020 နိုင်ငံတကာ စစ်ဘက်ဆိုင်ရာနည်းပညာဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ “Patriot” ပန်းခြံအပေါ် ရုရှား တိုက်ခိုက်ရေးလေယာဉ်များ ပျံသန်းနေစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသော ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲနှင့် Army-2020 နိုင်ငံတကာ စစ်ဘက်ဆိုင်ရာနည်းပညာဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ တရုတ်နိုင်ငံ တပ်မတော်သားများကို တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ အားကစားပွဲ၌ တရုတ်နိုင်ငံမှ ပြိုင်ပွဲဝင်များသည် တင့်ကားချီတက်ခြင်းနှင့် ကင်းထောက်ယှဉ်ပြိုင်ခြင်း အပါအဝင် ပြိုင်ပွဲ ၆ ခုတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ ယခုနှစ်ပြိုင်ပွဲ၌ နိုင်ငံနှင့် ဒေသပေါင်း ၃၀ ကျော်မှ ပြိုင်ပွဲဝင် ၅,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။  (Xinhua)