ပေကျင်း ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ၏ လိုအပ်မှုအရ ယနေ့ ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီတွင် ချိန်တူးမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးအား ပိတ်သိမ်းခဲ့ပြီးနောက် သက်ဆိုင်ရာ တရုတ်အစိုးရ တာဝန်ရှိသူများသည် ယင်းကောင်စစ်ဝန်ရုံး၏ အရှေ့မျက်နှာစာဝင်ပေါက်မှတစ်ဆင့် အထဲသို့ ဝင်ရောက်သွားခဲ့ကြောင်းနှင့် အဆောက်အအုံဥပစာကို လွှဲပြောင်းရယူခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်း၏ Website တွင် ရေးသားဖော်ပြခဲ့သည်။