ပေကျင်း ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ရှင်းကျန်း ကျားစစ် ခရိုင် နှင့် စီချွမ်း လျှမ်စမ်း စီရင်စု အတွင်းရှိ အလွန် ဆင်းရဲနွမ်းပါးသော ခရိုင် ၇ ခု တို့ ၏ သောက်သုံးရေ လုံခြုံမှု လုပ်ငန်း စီမံကိန်း များ ဇွန်လတွင် ပြီးစီးသွား ခဲ့သဖြင့် သတ်မှတ်ချက်များအရ တရုတ် နိုင်ငံ ရှိ ဆင်းရဲနွမ်းပါသူ တို့၏ သောက်သုံးရေ လုံခြုံမှု ပြဿနာ က ဘက်စုံဖြေရှင်းနိုင်ခဲ့ပြီး ဖြစ်ကြောင်း ရေအရင်းအမြစ် ဝန်ကြီးဌာန က သြဂုတ် ၂၁ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ပေကျင်း၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဩဂုတ် ၂၄ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်မည့် တတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဩဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။ 

ဟဲဖေး၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်ရှိ ရေကြီးရေလျှံမှုတွင် ကယ်ဆယ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရင်း အသက်ပေးခဲ့ကြသူများ၏ မိသားစုဝင်များထံသို့ ယနေ့ (ဩဂုတ် ၂၀ ရက်) သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် လာမည့်ရက်များတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုဆွေးနွေးရန် သဘောတူထားကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးက ဩဂုတ် ၂၀ ရက်တွင် ပြောကြားလိုက်သည်။

ဟဲဖေ၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် နိုင်ငံအရှေ့ပိုင်း အန်းဟွေးပြည်နယ်ရှိ ရေဘေးဒဏ်ခံစားခဲ့ရသော ဒေသခံပြည်သူများထံ သွားရောက်တွေ့ဆုံ အားပေးစကားဆိုခဲ့ကြောင်း သိရသည်။ 

နိုင်ရိုဘီ ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်-အာဖရိက စည်းလုံးညီညွတ်စွာ ကပ်ရောဂါ တိုက်ဖျက်ရေး နှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာ ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုကို နိုင်ရိုဘီ မြို့ တွင် သြဂုတ် ၁၈ ရက် ၌စတင် ကျင်းပ ပြုလုပ် ခဲ့ပြီး ဆွေးနွေးပွဲ တွင် တရုတ်-အာဖရိက အတူတကွ မည်ကဲ့သို့ ကပ်ရောဂါ တိုက်ဖျက်ရေး နှင့် ကုန်ထုတ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေးရန် ၊ အာဖရိက စီးပွားရေး  ပြန်လည်ကောင်းမွန်လာစေရန် နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆိုင်ရာ များကို ဆွေးနွေး သွားကြမည် ဖြစ်ကြောင်း သိရသည်။

ဟောင်ကောင်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

ဟောင်ကောင်ရှိ အမျိုးသားလုံခြုံရေးဥပဒေသည် ဟောင်ကောင်အား ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်တွင် ပါဝင်ဖော်ဆောင်ရေးနှင့် အမျိုးသားလုံခြုံရေးဖွံ့ဖြိုးတိုးတက်မှု ပေါင်းစည်းရေးတို့အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ရှိ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာမင်းကြီး Xie Feng က ပြောကြားလိုက်သည်။ 

ပေကျင်း ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ)

မကြာသေးမီက ပိတ်သိမ်းခဲ့ရသည့် အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးမှ တရုတ်ဝန်ထမ်းများသည် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)

ကျွန်တော် ဆင်ဟွာသတင်းထောက်အဖြစ် နယူးယောက်မြို့မှာ နှစ်ပေါင်းများစွာကြာ လုပ်ကိုင်ခဲ့ပါတယ်။ မတ်လက ထူးဆန်းလှသောနေ့ရက်များကို ပြန်ပြောင်းအောက်မေ့ရရင် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံ သတင်းထောက်အရေအတွက်ကို ကန့်သတ်လိုက်တဲ့ အမိန့်ထွက်လာပြီးနောက် ကျွန်တော်ဟာ ရုတ်တရက် နေရပ်ပြန်ဖို့ တွန်းအားပေးခြင်းခံခဲ့ရပါတယ်။ ဖြစ်ပျက်ခဲ့တာတွေဟာ အရမ်းကိုဇာတ်လမ်းဆန်လွန်းလှတယ်လို့ ကျွန်တော်ခံစားခဲ့ရတယ်။ 

ပေကျင်း ၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လဲ့ယွိချန် (Le Yucheng ) အား Guancha.an သတင်းဌာနမှ တွေ့ဆုံမေးမြန်းမှုများကို ဆင်ဟွာသတင်းဌာနမှ ဘာသာပြန်ဆို ဖော်ပြလိုက်ခြင်းဖြစ်သည်။