ပေကျင်း ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ ရှင်းကျန်း ကျားစစ် ခရိုင် နှင့် စီချွမ်း လျှမ်စမ်း စီရင်စု အတွင်းရှိ အလွန် ဆင်းရဲနွမ်းပါးသော ခရိုင် ၇ ခု တို့ ၏ သောက်သုံးရေ လုံခြုံမှု လုပ်ငန်း စီမံကိန်း များ ဇွန်လတွင် ပြီးစီးသွား ခဲ့သဖြင့် သတ်မှတ်ချက်များအရ တရုတ် နိုင်ငံ ရှိ ဆင်းရဲနွမ်းပါသူ တို့၏ သောက်သုံးရေ လုံခြုံမှု ပြဿနာ က ဘက်စုံဖြေရှင်းနိုင်ခဲ့ပြီး ဖြစ်ကြောင်း ရေအရင်းအမြစ် ဝန်ကြီးဌာန က သြဂုတ် ၂၁ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။