ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့အင်တာနက်ကွန်ဖရင့်အား နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဝူဟန်မြို့၌ အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဆိုက်ဘာစပေ့ စီမံခန့်ခွဲမှု (Cyberspace Administration of China= CAC) က စက်တင်ဘာလ ၁၈ ရက်တွင် ပြောကြားလိုက်သည်။
အဆိုပါ ကွန်ဖရင့်အား “သစ်လွင်မှု၊ ကွန်ရက်ချိတ်ဆက်မှု၊ ပွင့်လင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု : ဆိုက်ဘာစပေ့ကဏ္ဍတွင် အနာဂတ်မျှဝေမှုရှိသော လူမှုအသိုက်အဝန်းတစ်ခု ပူးတွဲတည်ဆောက်မည်” ဟူသော ရည်ရွယ်ချက်ဖြင့် အောက်တိုဘာလ ၂၀ ရက် ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး CAC ၏ လက်ထောက်ညွှန်ကြားရေးမှူး လျူလဲဟုန်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အဆိုပါ ကွန်ဖရင့်သို့ Microsoft, Qualcomm, Alibaba Group, Huawei ကဲ့သို့ ပြည်တွင်း ပြည်ပမှ အဓိက ကုမ္ပဏီများ၊ Internet Hall of Fame အဖွဲ့ဝင်များ, နိုဘယ်ဆုရှင်များ၊ Turing ဆုရှင်များ အပါအဝင် နိုင်ငံနှင့် ဒေသ ၇၀ ကျော်မှ ဧည့်သည်များ တက်ရောက်မည်ဖြစ်ကြောင်း လျူက ပြောခဲ့သည်။ (Xinhua)