တရုတ်နိုင်ငံ၏ အထင်ကရ Hongqi ဆီဒင်ကားအမျိုးအစား ပထမသုံးလပတ်တွင် ရောင်းအားစံချိန်တင် မြင့်တက်

ဂျာမနီနိုင်ငံဘရန်ဖတ်မြို့၌ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် ပြုလုပ်သည့် ဂျာမနီနိုင်ငံတကာကားပြပွဲတွင် တရုတ်နိုင်ငံမှ FAW-Hongqi S9 ကားတစ်စီးအား ပြသထားစဉ်(ဆင်ဟွာ) Science & Technology

ချောင်ချွန်း ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ထိပ်တန်း မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော FAW အုပ်စုမှ ထုတ်လုပ်သည့် Hongqi ကားအမျိုးအစားသည် ယခုနှစ်ပထမသုံးလပတ်(Q1) တွင် ရောင်းအားမြင့်တက်ခဲ့ကြောင်း သိရသည်။


ယင်းကာလအတွင်း Hongqi အမျိုးအစား ဆီဒင်ကားအစီးရေပေါင်း ၇၀,၀၀၀ ကျော် ရောင်းချခဲ့ရသဖြင့် ယခင်နှစ်အလားတူကာလထက် ၁၈၀ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း FAW အုပ်စု၏ ထုတ်ပြန်ချက်အရ သိရသည်။


၎င်း၏ စွမ်းအင်သစ်ကားအမျိုးအစားကို တိုးမြှင့်ထုတ်လုပ်ခြင်း နှင့် ဈေးကွက်တင်ရောင်းချခြင်းမှာ ယခုနှစ်အတွက် ဦးစားပေးအစီအစဉ်ဖြစ်ကြောင်း ကုမ္ပဏီ၏ သတင်းအရင်းအမြစ်များက ဆိုသည်။


တစ်ချိန်တည်းမှာပင် ကုမ္ပဏီအနေဖြင့် ယခင်နှစ်မှ စတင်ကာ Hongqi အမှတ်တံဆိပ် ကားအစီးရေပေါင်း ၄၀၀,၀၀၀ ထိ နှစ်ဆတိုးရောင်းချနိုင်ရန် အစီအစဉ်ချမှတ်ထားကြောင်း သိရသည်။


Hongqi ၏ အဓိပ္ပါယ်မှာ “အလံနီ” ဖြစ်ပြီး တရုတ်နိုင်ငံ၏ အထင်ကရ ဆီဒင်ကား အမျိုးအစားဖြစ်သည်။ ယင်းကားအမှတ်တံဆိပ်ကို ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံ၏ နိုင်ငံတော်အခမ်းအနားများအတွက် စစ်ရေးပြ ချီတက်ယာဉ် အဖြစ်အသုံးပြုခဲ့ကြောင်း သိရသည်။


တရုတ်နိုင်ငံ Jilin ပြည်နယ် အရှေ့မြောက်ပိုင်း ချောင်ချွန်းမြို့၌ ကားစက်ရုံကို ၁၉၅၃ ခုနှစ်တွင် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး FAW အုပ်စုသည် တရုတ်နိုင်ငံ၏ မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းတွင် ရှေ့ဆောင်အဖြစ်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
--------------------------
(English Version)

China's iconic sedan brand Hongqi posts soaring sales in Q1

CHANGCHUN, April 1 (Xinhua) -- Hongqi, a car brand under China's leading automaker FAW Group Co., Ltd., posted rising sales in the first quarter of the year (Q1).
The brand sold more than 70,000 vehicles in the period, up 180 percent year on year, according to FAW Group.
The production and marketing of its new energy vehicles will be prioritized this year, sources with the group said.
Meanwhile, the group plans to double its sales of Hongqi-brand vehicles to 400,000 units from last year.
Hongqi, meaning "red flag," is China's iconic sedan brand. Established in 1958, the brand has been used as the vehicle for parades for national celebrations.
Founded in 1953 in the northeastern city of Changchun, capital of Jilin Province, FAW Group is regarded as the cradle of China's auto industry.
A FAW-Hongqi S9 concept car is on display during the first press day of Germany's International Motor Show (IAA) 2019 in Frankfurt, Germany, on Sept. 10, 2019. (Xinhua/Lu Yang)