စီချန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၎င်း၏ ပြည်တွင်းသုံး BeiDou တည်နေရာပြဂြိုဟ်တုစနစ် (BDS) အတွက် တည်နေရာပြ ဂြိုဟ်တု ၂လုံး အား ဒုံးပျံ တစ်စင်းဖြင့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဖေဖော်ဝါရီ ၁၂ ရက်တွင် တစ်ပြိုင်နက် လွှတ်တင်ခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံပြင်ပ၌ ၂ဝ၁၇ ခုနှစ်အတွင်း ယူနီယံပေးကတ်(UnionPay Cards) အသုံးပြုသူ သန်း ၂ဝ ကျော် ထုတ်ပေးခဲ့ပြီဖြစ်ကြောင်း ၊ နိုင်ငံရပ်ခြား၌ ယူနီယံပေးကတ် ထုတ်ပေးမှုအရေအတွက်မှာ စုစုပေါင်း သန်း ၉ဝ ကျော်ထိ ရှိကြောင်း ယင်းကတ်ကုမ္ပဏီက ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက တာလတ်ပစ် မြေပြင်အခြေစိုက် ဒုံးခွင်းဒုံးတစ်ခုကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း ယနေ့ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ဖော်ကြေညာလိုက်သည်။

ချန်းချန် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းရထားထုတ်လုပ်သည့် ကုမ္ပဏီက မောင်းသူမဲ့ ကာဖွန်-ဖိုင်ဘာကိုယ်ထည်ဖြင့် တစ်လမ်းသွားရထားသစ်ကို ယနေ့ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ဖော်ပြသလိုက်သည်။

တိုကျို၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းအေဂျင်စီက သတင်းဆောင်းပါးများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုနှင့် အသံဖြင့် သတင်းဖတ်ကြားခြင်းစသည့် သတင်းဝန်ဆောင်မှုအား ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ဂျပန်ဘာသာဖြင့် စတင် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌက ဇန်နဝါရီလ ၃၁ ရက်တွင် ပြောကြားလိုက်သည်။

စီချန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ စီချန်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ Long March-2C ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံ ဖြင့် အဝေးထိန်းအာရုံခံစနစ်ပါရှိသည့် Yaogan-30 အမျိုးအစား ဂြိုဟ်တုများကို ဇန်နဝါရီ ၂၅ ရက် ဒေသစံတော်ချိန် နေ့လည် ၁း၃၉နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

ကျိုချွမ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကိုဖီသဲကန္တာရ ရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေး စင်တာက ပေကျင်းစံတော်ချိန် ဇန်နဝါရီ ၁၃ ရက် နေ့လည် ၃း၁၀နာရီတွင် မြေအရင်းအမြစ် ရှာဖွေဖော်ထုတ်ရေး ဂြိုဟ်တုတစ်လုံးအား သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။

ထိုင်ယွမ်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အဝေးထိန်းအာရုံခံစနစ်ပါသော စွမ်းရည်မြင့်ဂြိုလ်တု တစ်စုံကို တရုတ်နိုင်ငံမြောက်ပိုင်း ရှန်စီပြည်နယ် ရှိ ထိုင်ယွမ်ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ ဇန်နဝါရီ ၉ ရက်တွင်လွှတ်တင်ခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ သိပ္ပံပညာရှင်နှစ်ဦးဖြစ်သော ဓာတုဗေဒကျွမ်းကျင်ပညာရှင် Wang Zeshan နှင့် ဗိုင်းရပ်စ်ပိုး ရှာဖွေရေး ပညာရှင် Hou Yunde တို့သည် နည်းပညာပိုင်းဆိုင်ရာတီထွင်ဆန်းသစ်မှု နှင့် သိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ထူးချွန်စွာ စွမ်းဆောင်ခဲ့ခြင်းအတွက် တရုတ်နိုင်ငံ၏ ထိပ်တန်းသိပ္ပံထူးချွန်ဆုကို ဇန်နဝါရီလ ၈ ရက်တွင် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။