တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ဖွင့်လှစ်

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် Sun Chunlan က အမျိုးသားကျန်းမာရေးကော်မရှင် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်ကို တွေ့ရစဉ် (ဆင်ဟွာ) Social, Education & Health

ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကူးအပြောင်းမှ တစ်ခုဖြစ်သော အမျိုးသားကျန်းမာရေး ကော်မရှင်အား မတ်လ ၂၇ ရက်တွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် Sun Chunlan က တက်ရောက်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားနေစဉ် Sun က ကျန်းမာရေးအဖွဲ့အစည်းများအား တရုတ်ပြည်သူများ အတွက် ဘဝတစ်သက်တာ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ပေးအပ်နိုင်ရေး အခိုင်အမာ လုပ်ဆောင်ကြရန် ပြောကြားခဲ့သည်။

“ဒီကော်မရှင်ကို တည်ထောင်ခြင်းဟာ နိုင်ငံ၏ ကျန်းမာရေးနဲ့ ဆက်စပ်လုပ်ငန်းတွေရဲ့ သဘောထား ပြောင်းလဲမှု တစ်ခုပါပဲ” ဟု Sun က ပြောကြားခဲ့ပြီး ကော်မရှင်အနေဖြင့် တရုတ်နိုင်ငံ ပြည်သူများ၏ အားလုံးလွှမ်းခြုံသော ကျန်းမာရေး အခြေအနေများ တိုးတက်မှုအား အလေးထားမည် ဖြစ်သည်။

ထို့ပြင် Sun က ကျန်းမာသော ဘဝနေထိုင်မှု ပုံစံများနှင့် ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး နက်ရှိုင်းစွာ ပိုမို အားထုတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)