တရုတ်နိုင်ငံက လာအိုနိုင်ငံအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

လာအိုနိုင်ငံသို့ ကူညီကယ်ဆယ်မှုများပြုလုပ်ရန် တရုတ်နိုင်ငံ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ဆေးတပ်ဖွဲ့ ရောက်ရှိလာစဉ် (ဆင်ဟွာ) Social, Education & Health

ပေကျင်း ၊ ဇူလိုင်၂၈ ရက်(ဆင်ဟွာ)

လာအိုတောင်ပိုင်းဒေသတွင် ဆည်ကျိုးကျမှုကြောင့် ရေဘေးဒုက္ခဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံအစိုးရက လာအိုနိုင်ငံအစိုးရအား အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး ပစ္စည်းများပေးအပ်လှူဒါန်းမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီက ဇူလိုင်လ ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်တွင် လာအိုနိုင်ငံတောင်ပိုင်း၌ ဆည်ကျိုးကျမှုကြောင့် လူသူသေဆုံးဒဏ်ရာရ မှုများ၊ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရာ လာအိုနိုင်ငံအစိုးရ၏ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီ ဆောင်ရွက်ရန် တရုတ်နိုင်ငံအစိုးရမှ ကယ်ဆယ်ရေးလှေအစီး ၁၀၀၊ ရွက်ဖျင်တဲ အခု ၅၀၀ ၊ ရေသန့် စက် အလုံး ၁၀၀ အပါအဝင် အရေးပေါ် ကူညီကယ်ဆယ်ရေးပစ္စည်းများအား ပေးအပ်လှူဒါန်းသွား မည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် လှူဒါန်းပေးအပ်သည့်ထောက်ပံ့ရေးပစ္စည်းများကို ရေဘေး သင့်နေရာများသို့ အမြန်ဆုံးပို့ဆောင်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)