တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ထိုက်ဟူ ကမ္ဘာယဉ်ကျေးမှုဆိုင်ရာဖိုရမ် နှစ်ပတ်လည်အတွက် သဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ) Social, Education & Health

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အောက်တိုဘာလ ၁၈ ရက်တွင် ပေကျင်းမြို့၌ ပြုလုပ်သော ငါးကြိမ်မြောက် ထိုက်ဟူ ကမ္ဘာ့ယဉ်ကျေးမှုဖိုရမ် နှစ်ပတ်လည်ညီလာခံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

“ခေတ်မီလူ့အဖွဲ့အစည်း ဆွေးနွေးပွဲ : အနာဂတ်မျှဝေမှုရှိသော လူသားမျိုးနွယ်တစ်ရပ် တည်ဆောက်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသော အဆိုပါ ညီလာခံသည် ယဉ်ကျေးမှုများအကြား နားလည်မှု မြင့်တက်ရေး၊ သဘောတူညီမှု စုစည်းလာရေး၊ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းမှုရှိရေးနှင့် ဖလှယ်မှုများနှင့် အပြန်အလှန်လေ့လာမှု တိုးမြှင့်ရေးအတွက် အကူအညီဖြစ်သင့်ကြောင်း သဝဏ်လွှာ၌ သမ္မတ ရှီက ပြောကြားခဲ့သည်။

ခေတ်မီလူ့အဖွဲ့အစည်းများအကြား ဖလှယ်မှုနှင့် အပြန်အလှန်လေ့လာမှုသည် တိုးတက်မှုရှိသော ခေတ်မီလူ့အဖွဲ့အစည်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကျသော တွန်းအားတစ်ရပ်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

“လူ့အဖွဲ့အစည်းများအကြား တစ်ဦးနှင့်တစ်ဦးလေ့လာမှုခြင်းဖြင့် အနာဂတ်မျှဝေမှုရှိတဲ့ လူသားမျိုးနွယ်တစ်ခု တည်ဆောက်ရာတွင် ခိုင်မာတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်သင့်ပါတယ်။ လူမှုအဖွဲ့အစည်းအားလုံးက ပိုကောင်းသော ကမ္ဘာတစ်ခုအတွက် ဖွံ့ဖြိုးတိုတက်မှု အခွင့်အလမ်းများ မျှဝေသင့်ပြီး စိန်ခေါ်မှုများကို အတူတကွ ခန့်ခွဲသင့်ပါတယ်” ဟု သမ္မတ ရှီက သဝဏ်လွှာ၌ ရေးသားထားသည်။ (Xinhua)