COVID-19 ရောဂါဖြစ်ပွားနေသည့် ကလေးငယ်များအတွက် ကျန်းမာရေးဝန်ထမ်းများက နွေးထွေးမှုကို ဆောင်ကြဉ်းပေး 

ဝူဟန့် ကလေးဆေးရုံကြီးတွင် COVID-19 ရောဂါဖြစ်ပွားနေသည့် ကလေးငယ်များကို ဆေးကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ) Social, Education & Health

ဝူဟန့်၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) 

ဝူဟန့်ကလေးဆေးရုံ၌ COVID-19 ရောဂါဖြစ်ပွားနေသည့် ကလေးငယ်များ သီးသန့်ထားရာ လူနာဆောင်ရှိ ကလေးငယ်များသည် ဆေးကုသရေးအကာအကွယ်ပစ္စည်းများ အထပ်ထပ်ဝတ်ထားသည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့သည့်အခါ  အစပိုင်းတွင် ကြောက်လန့်ပြီး ဆေးကုသရန် ငြင်းဆိုတော့သည်။ ၎င်းကလေးငယ်လေးများ မကြောက်ရအောင် ၊ဆေးကုသမှုအဆင်ပြေလွယ်ကူနိုင်အောင် ပန်းချီဆွဲခြင်းကို နှစ်သက်သည့် သူနာပြုဆရာမလေး ဝမ်ကျာက ရောဂါကာကွယ်ရေးအင်္ကျီပေါ်တွင် ကာတွန်းရုပ်ကလေးများ ရေးဆွဲပြီး စတင် ဝတ်ဆင်လိုက်သည်။

နောက်ပိုင်းတွင်  ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများကလည်း ၎င်းတို့၏အင်္ကျီ ပေါ်တွင် ကလေးများကြိုက်မည့် ချစ်စရာ ကာတွန်းရုပ်လေးများကို အချိန်ပေးရေးဆွဲဝတ်ဆင်ပြီး လူနာကလေးငယ်များကို အင်္ကျီပေါ်ရှိကာတွန်းလေးများတွင် အရောင်ဆိုးစေခြင်းဖြင့် ဆေးကုသရာတွင် ကလေးငယ်များ ငြင်းဆန်ကြောက်ရွံ့ခြင်းမရှိဘဲ ကျန်းမာရေးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးဖြစ်ကာ  အဆင်ပြေချောမွေ့စေခဲ့သည်။ ကျန်းမာရေးဝန်ထမ်းများ၏ဆောင်ရွက်ချက်က ရောဂါသည်လူနာ ကလေးငယ်များအတွက် ကြင်နာသည့် နွေးထွေးမှုများ ဆောင်ကြဉ်းပေးနိုင်ခဲ့ပေ သည်။ (Xinhua)