တရုတ်နိုင်ငံ တိဗက်ဒေသ၏ လမ်းပန်းဆက်သွယ်ရေး တိုးတက်လာမှု အပြောင်းအလဲ

တရုတ်နိုင်ငံ စီချွမ်း-တိဗက် ရထားလမ်း၏ လားဆ-လျင်ကျီး လမ်းအပိုင်းတွင် China Railwayကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက ရထားသံလမ်းဂဟေဆက်နေသည်ကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ) Social, Education & Health

လားဆ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ)

ဧပြီလကုန်တွင် လားဆ-လျင်ကျီး ရထားလမ်းဆောက်လုပ်ရေးလုပ်ငန်းများကို အရှိန်ဟုန်မြင့်တင် ဆောင်ရွက်လျက် ရှိသည်။ တရုတ်နိုင်ငံ စီချွမ်း-တိဗက် ရထားလမ်း၏အစိတ်အပိုင်းဖြစ်သည့် ယင်းရထားလမ်းကို ယခုလတွင် လက်ခံစိစစ်သွားမည်ဖြစ်ပြီ ယခုနှစ် ဇူလိုင် ၁ ရက်မတိုင်မီ ဖွင့်လှစ်မည်ဖြစ်ရာ လားဆနှင့် လျင်ကျီးမြို့နှစ်ခုအကြား အသွားအပြန်ခရီးလမ်းသည် (၅) နာရီ ကြာမြင့်ရာမှ (၃)နာရီခွဲခန့်သာ ကြာမြင့်တော့မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၈ ရက်တွင် စီချွမ်း-တိဗက် ရထားလမ်း (ရာအန်း-လျင်ကျီး အပိုင်း)ကို စတင်ဖောက်လုပ်တည်ဆောက်ခဲ့သည်။ အဆိုပါအသစ်ဖောက်လုပ်သည့် ရထားလမ်းအရှည်သည် (၁,၀၁၁)ကီလိုမီတာ ရှိပြီး ၊ ကီလိုမီတာ(၃၀)ရှိသည့် ဥမင်လိုဏ်ခေါင်း (၆)ခု၊ မီတာ(၁၀၀)အထက်ရှိ တံတားမြင့် (၉)စင်းပါဝင်သည်။

တရုတ်နိုင်ငံ စီချွမ်း-တိဗက် ရထားလမ်း၏ လားလျင်လမ်းအပိုင်း တည်ဆောက်နေမှုများအား ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စီချွမ်း-တိဗက် ရထားလမ်းပြီးစီးသည့်အခါ တိဗက်အတွက် ခွန်အားသစ်တစ်ခုထပ်တိုးလာစေမည် ဖြစ်ကြောင်း သိရသည်။၂၀၀၆ ခုနှစ် ဇူလိုင် ၁ ရက်တွင် ဖောက်လုပ်ပြီးစီးပြေးဆွဲခဲ့သည့် ချင်းဟိုင်-တိဗက်ရထားလမ်းသည် တိဗက်ဒေသတွင် ရထားလမ်းမပေါက်ရောက်နိုင်ဟူသော သမိုင်းကို အဆုံးသတ်နိုင်ခဲ့သည်။ ထိုရထားလမ်းသည် ကမ္ဘာ့အမြင့်ဆုံး၊ အရှည်ဆုံးနှင့် အေးခဲမြေလွှာတွင် ဖြတ်သန်းတည်ဆောက်ထားသည့် မိုင်အရှည်ဆုံး ကုန်းပြင်မြင့်ရထားလမ်းဟူသည့် ကမ္ဘာစံချိန်များစွာကို ဖန်တီးနိုင်ခဲ့သလို တရုတ်နိုင်ငံ တိဗက်ဒေသနှင့် ပြည်နယ်ဒေသများ၏ ကွာဟချက်များမှ ရုန်းထွက်နိုင်စေခဲ့ပြီး ဆီးနှင်းဖုံးလွှမ်းကုန်းပြင်မြင့်၏ ရထားလမ်းခေတ် ပွင့်လင်းလာခဲ့သည်။

တရုတ်နိုင်ငံ စီချွမ်း-တိဗက် ကားလမ်း ထုန်းမိုက်လမ်းအပိုင်းရှိ ဖော့လုံကိုး အထူးတံတားကြီးအား ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လွန်ခဲ့သည့် နှစ်ပေါင်း (၇၀)က တိဗက်ဒေသတွင် ရထားလမ်းမဆိုထားနှင့် ကားမောင်းသွားလာနိုင်သည့် လမ်းပင် မရှိခဲ့၊ သယ်ယူပို့ဆောင်မှုအားလုံးကို လူအားဖြင့်သော်လည်းကောင်းနှင့်ကျွဲနွားစသည့် တိရစ္ဆာန်များဖြင့်သော်လည်းကောင်း အသုံးပြုခဲ့ရခြင်းဖြစ်သည်။

တရုတ်နိုင်ငံ တိဗက်ဒေသ လျင်ကျီးရှိ တော်ပုအထူးတံတားကြီးအား ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယနေ့ခေတ်တိဗက်ဒေသတွင် အရပ်ရှစ်မျက်နှာကားလမ်းပေါက် မောင်းနှင်သွားလာနိုင်ခြင်းကြောင့် ကုန်တင်ယာဉ် မောင်းနှင်သွားလာမှုများဖြင့် ကုန်စည်စီးဆင်းမှုတသွင်သွင်ရှိနေသလို ကိုယ်တိုင်ကားမောင်းခရီးသွားများသည်လည်း မပြတ်ရှိနေရာ တိဗက်ဒေသသို့ သွားရာလမ်းကြောင်းတိုင်းတွင် လူမှုစီးပွါးဘဝ သက်ဝင်လှုပ်ရှားမှုများ ပြည့်နှက်လျက်ရှိသည်။

တရုတ်နိုင်ငံ စီချွမ်း-တိဗက် ကားလမ်း တိဗက်ဒေသ ချန်းတူမြို့ရှိ နုကျန်း ၇၂ ကွေ့ကားလမ်းအား ၂၀၁၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကိန်းဂဏန်းအချက်အလက်များအရ ၂၀၀၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် တိဗက်ဒေသ၏ကားလမ်းပေါက်ရောက်မှုသည် (၂၂,၅၀၀)ကီလိုမီတာသာ ရှိသော်လည်း ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်း ရောက်သည့်အခါတွင် (၁၁၈,၈၀၀)ကီလိုမီတာအထိ ရှိခဲ့သည်။ မြို့နယ်၊ ကျေးလက်တောရွာများတွင် လမ်းပမ်းဆက်သွယ်ရေး အဆင်ပြေမွေ့အောင် ဆောင်ရွက်နိုင်မှုသည် (၉၃.၇) ရာခိုင်နှုန်းနှင့် (၇၅.၉) ရာခိုင်နှုန်း ရှိရာ ဒေသတစ်ခုလုံးရှိ ခရိုင်အားလုံးနှင့် မြို့နယ် (၄၇၆)ခု၊ တည်ဆောက်ထားသည့်ကျေးရွာ(၂,၀၅၀)ရွာတွင် ခရီးသည်တင်ယာဉ်မောင်းနှင် သွားလာနိုင်မှုရှိခဲ့သည်။ လေကြောင်းဖြင့် ခရီးသွားအဝင်အထွက်ပမာဏသည် ၂၀၀၀ ပြည့်နှစ်တွင် (၅၃၀,၀၀၀)ရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင် (၅.၁၅)သန်းကျော် အထိ တိုးမြင့်လာခဲ့သည်။

တရုတ်နိုင်ငံ တိဗက်ဒေသ လားဆမြို့ရှိ မြစ်ကူးတံတားကြီးအား ၂၀၁၉ ခုနှစ် ဧပြီ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လွန်ခဲ့သည့် နှစ်ပေါင်း (၁,၃၀၀)ကျော်က ဝန်ချန်မင်းသမီး ထူဖန်းခေါင်းဆောင် Songtsen Gampo ထိန်းမြားရန်အတွက် ထန်ခေတ် ချန်အန်းမြို့(ယနေ့အခေါ် ရှီးအန်း)မှ ထန်ဖန်းရှေးဟောင်းလမ်းအတိုင်း လားဆကို သွားရောက်ခဲ့ဖူးသည်။ အေဒီ ၆၂၇ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း (၂၀၀)ကျော်ကာလအတွင်း ဟန်လူမျိုးနှင့် တိဗက်လူမျိုးများအကြား သံတမန်ဆက်သွယ်မှုအသွားအလာ (၁၄၂)ကြိမ်ရှိခဲ့သည်။

၁၉၅၀ ပြည့်နှစ် တိဗက်ဒေသသို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဝင်ရောက်သည့်အခါ ဥက္ကဋ္ဌမော်က တပ်မတော်ဝင်ရောက်ခြင်းနှင့်အတူ လမ်းဖောက်ပြုပြင်တည်ဆောက်မှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ညွှန်ကြားချက် ပေးခဲ့သည်။ တိဗက်ဒေသစစ်ဌာနချုပ် အကြီးအကဲ ကျန်းကော်ဟွာကလည်း တိဗက်၏ အပြောင်းအလဲသည် ကားလမ်းအားလုံးပြုပြင်ဖောက်လုပ်မှုကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဆိုသည်။

“စီချွမ်းပြည်နယ် ကန်းကျစ်ကနေ လားဆကို (၃၇)ရက်ကြာ လမ်းလျှောက်ခဲ့ရတယ်။ တိဗက်သွားတဲ့လမ်းက ပင်လယ်ရေမျက်နှာပြင်မြင့်ပြီး ခရီးလမ်းဝေး ၊ဥတုကြမ်း၊ လူသူနည်းပါသလို ကွေ့ကွေ့ကောက်ကောက် လမ်းကျဉ်းလမ်းသွယ်လေးတွေချည်းပဲမို့ တွေးထားတာထက် ခရီးလမ်းက ပိုကြမ်းတမ်းတယ်”ဟု တိဗက်ဒေသသို့ သွားရောက်ခဲ့သည့် ခြေလျင်တပ်နှင့် ခန်းကျန့်ကားလမ်းဖောက်လုပ်တည်ဆောက်ရေး တပ်မ ၁၈တွင် ပါဝင်ခဲ့သည့် စစ်မှုထမ်းဟောင်း ကောင်းဖိန်က အမှတ်ရစွာ ပြောသည်။

စီချွမ်း-တိဗက် ကားလမ်း၏ မူလအမည်မှာ ခန်းကျန့်ကားလမ်းဖြစ်ပြီး ၁၉၅၀ ခုနှစ် ဧပြီလတွင် တပ်နှင့်ပြည်သူ (၁၁၀,၀၀၀)က ခက်ခဲပင်ပန်းစွာ ဖောက်လုပ်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ မှတ်တမ်းများအရ တံတား (၅၉၇)စင်း၊ ပေါင်းကူးရေလွှဲပေါက် (၂,၈၆၀)ခု ရှိပြီး လူပေါင်း (၂,၀၀၀)ကျော် အသက်ဆုံးရှုံးခဲ့သည်။ သဘာဝဘေး အန္တရာယ်အလွန်များပြားခြင်းကြောင့် “ကမ္ဘာ့ ကားလမ်းဖောက်လုပ်မှု ဘူမိဆိုင်ရာဘေးအန္တရာယ် ပြတိုက်”ဟုပင် သမုတ်ခဲ့ကြသည်။ ၁၉၅၀ ပြည့်နှစ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် တိုင်းရင်းသားပြည်သူအသီးသီးက ချင်းဟိုင်-တိဗက် ကားလမ်းဖောက်လုပ်တည်ဆောက်မှုကို တစ်ချိန်တည်းတွင် လုပ်ဆောင်ခဲ့ရာ နောင်အခါတွင် ကမ္ဘာ့ပထမဆုံး ကုန်းပြင်မြင့်အေးခဲဒေသတစ်ခုလုံးလွှမ်းခြုံ ကတ္တရာလမ်းခင်းနိုင်သည့် လမ်းမကြီးဖြစ်လာခဲ့သည်။

၁၉၅၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် ခန်းကျန့် (စီချွမ်း-တိဗက်)၊ ချင်းဟိုင်-တိဗက် ကားလမ်းဖောက်လုပ်ဖွင့်လှစ်နိုင်ခဲ့ရာ တိဗက်ဒေသသို့ ဝင်ထွက်သွားလာနိုင်သည့် အသက်သွေးကြော လမ်းမကြီး နှစ်သွယ်ဖြစ်ခဲ့သည်။ နှစ်ပေါင်း (၆၀)ကျော်ကာလတွင် အကြိမ်ကြိမ် ပြုပြင်မွမ်းမံတည်ဆောက်မှုများ ပြုလုပ်ခဲ့သည့် ယင်းလမ်းမကြီး နှစ်သွယ်သည် လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေး၏ အဓိကပင်မလမ်းဖြစ်ခဲ့သည်။

ကားလမ်းနှင့်ရထားလမ်း တည်ဆောက်မှုများသည် ကုန်စည်ကူးသန်းမှုကို တစ်ဟုန်တိုး ဖွံ့ဖြိုးစေခဲ့သည်။ တိဗက်ဒေသ ချန်းတူးမြို့ မန်ခန်းခရိုင် ရူမေမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ(၂,၆၀၀)တွင် တည်ရှိပြီး စီချွမ်း-တိဗက် ကားလမ်း ဖြတ်သန်းရာနေရာတစ်ခုလည်း ဖြစ်ရာ ယင်းဒေသ ကျေးလက်နေပြည်သူများ၏ အဓိကဝင်ငွေသည် သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်လုပ်ငန်းဖြစ်သည်။

“အရင်တုန်းက မြို့နယ်အဝင်အထွက် ကီလိုမီတာ (၅၀)ပတ်လည်အတွင်းမှာဆို မြေခင်းလမ်းတွေချည်းပဲ။ လားဆကို သွားရင် တစ်ပတ်ကြာတယ်။ ၂၀၁၀ ခုနှစ် ကတ္တရာလမ်းခင်းပြီးတော့ သယ်ယူပို့ဆောင်ရေးလုပ်တဲ့သူများလာတယ်။ ကျေးရွာတစ်ခုလုံးမှာ အိမ်ထောင်စုပေါင်း (၁၈၉)စု ရှိတယ်။ တစ်ဝက်ကျော်က ဆောက်လုပ်ရေးကုန်မာပစ္စည်း၊ ကုန်စုံပစ္စည်းသယ်ယူပို့ဆောင်ပေးတဲ့အလုပ်လုပ်ကြတယ်။ အခု အိမ်ထောင်စုတစ်စုရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေက ယွမ် (၁)သိန်းခွဲအထက်မှာ ရှိတယ်။ ”ဟု အသက် (၅၇)နှစ်အရွယ် ကျူခါကျေးရွာကော်မတီ ညွှန်ကြားရေးမှူး ထူတိန်ကျာရှီးက ဆိုသည်။

တိဗက်ဒေသ လားဆရှိ China Railway Qingzang Group ကုမ္ပဏီတွင် (၁၂)နှစ်ကြာ အလုပ်လုပ်ကိုင်နေသည့် ချင်ကျင့်ယွမ်က ရထားလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဖွံ့ဖြိုးလာသည်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူဖြစ်သည်။ “ရထားလမ်းကုန်စည်ပို့ဆောင်ရေးက အကုန်အကျသိသိသာသာနည်းသလို ဒေသခံ တောင်သူနဲ့မွေးမြူရေးလုပ်ငန်းလုပ်တဲ့သူတွေအတွက်လည်း ပုံမှန်ဝင်ငွေတိုးစေဖို့ အထောက်အပံ့လည်း ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ကိန်းဂဏန်းအချက်အလက်များအရ ၂၀၀၆ ခုနှစ်နောက်ပိုင်းတွင် လားဆ အနောက်ဘူတာကြီးရှိ အမြန်အချောပို့ကုမ္ပဏီသည် (၄) ခုမှ (၁၈) ခု ထိ တိုးပွားလာပြီး သယ်ယူပို့ဆောင်မှုပမာဏသည် တန်ချိန် (၂၀,၀၀၀)မှ တန်ချိန်(၂၉၀,၀၀၀)အထိလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် သယ်ယူပို့ဆောင်မှုပမာဏသည် တန်ချိန်(၄၉၀,၀၀၀) မှ (၆.၁၄)သန်းအထိ လည်းကောင်း နှစ်စဉ် ပျမ်းမျှ (၃၀.၇)ရာခိုင်နှုန်း နှင့် (၂၄.၆)ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။

အသက်(၄၁)နှစ်အရွယ် အဝေါင့်တော်ကျီသည် ၂၀၁၅ ခုနှစ်က တိဗက်တွင် ဝန်ထမ်း (၂၀)ခန့်ရှိသည့် JiDa Logistics company တည်ထောင်ခဲ့သည်။ “အခုနှစ်ပိုင်း တိဗက်မှာက စားသောက်ကုန်အမျိုးမျိုး ၊ ဆောက်လုပ်ရေးပစ္စည်းအမျိုးမျိုး ဈေးကွက်လိုအပ်ချက်အရမ်းများတယ်။ ဈေးကွက်အလားအလာကောင်တယ်။ လက်ရှိလုပ်ငန်းလည်ပတ်တာလည်း အဆင်ပြေတယ်။ ဝန်ထမ်းအားလုံးက တောင်သူတွေပါ၊ နှစ်စဉ်ဝင်ငွေ ယွမ် (၂)သိန်း အထက် ရှိကြတယ်”ဟု ၎င်းက ဆိုသည်။ (Xinhua)
…………………………………………
(Chinese Version)

(宝“藏”故事)从唐蕃古道到川藏铁路——透视进藏“天路”千年之变

  新华社拉萨4月26日电题:从唐蕃古道到川藏铁路——透视进藏“天路”千年之变
  新华社记者刘洪明
  4月下旬,拉萨至林芝铁路全线施工紧张忙碌。林芝火车站正进行站房内外墙装饰;拉萨火车站机辆整备基地改造现场,工人们正在铺设道岔连接线路处枕木等。
  作为川藏铁路的组成部分,拉林铁路今年4月已进入静态验收阶段,将于今年7月1日前通车运营,届时往返两市的时间将从5小时缩短至3.5小时左右。
 2020年11月8日,川藏铁路(雅安至林芝段)开工建设,新建正线长度1011公里,30公里以上隧道有6座,超过100米的高桥有9座,修建难度之大世所罕见。川藏铁路建成后,将为西藏再添一条“大动脉”。2006年7月1日建成并全线通车运营的青藏铁路,结束了西藏不通铁路的历史。这是世界上海拔最高、线路最长、穿越冻土里程最长的高原铁路,创造了多项世界之最,使西藏彻底摆脱了和内地的时空阻隔。雪域高原迎来了铁路时代。
 莫说铁路,70年前的旧西藏就连一条能通汽车的路也没有,一切运输靠人背畜驮。现在的西藏,公路四通八达,货车川流不息,自驾游客络绎不绝……一条条进藏“天路”为西藏增添了人气和经济活力。
数据显示:2000年底,西藏公路通车里程仅有2.25万公里,而到2020年底,这一数字变为11.88万公里,乡镇、建制村通畅率达93.7%和75.9%,全区所有县(区)和476个乡镇、2050个建制村通了客车,民航旅客吞吐量从2000年的53万人次增至2020年的515万余人次。
1300多年前,文成公主远嫁吐蕃赞普松赞干布,从唐朝长安(今西安),沿唐蕃古道到达拉萨,产生了深远影响。唐贞观元年之后的两百余年间,汉藏民族间的使臣往来就有142次。
20世纪50年代,毛主席在解放军进藏前指示“一面进军、一面修路”。西藏军区原司令员张国华曾说:“西藏要有根本性变化,全要等公路修通。”
  参加徒步进军西藏和修筑康藏公路的十八军老战士高平曾回忆:1951年从四川甘孜州到拉萨走了37天。进藏之路海拔高、路途遥、气候差、人烟少,且多为羊肠道。他感叹进藏道路之难,远超人们想象。
 川藏公路原名康藏公路,1950年4月开始由11万军民艰苦修建。据记载,总计架设桥梁597座,涵洞2860个,牺牲2000多人。因极度艰险和自然灾害多,被称为“世界公路地质灾害的博物馆”。1950年,解放军和各族人民同时动工建设青藏公路,后来成为世界上首个在高寒冻土区全部铺设黑色等级路面的公路。
 1954年12月25日,康藏、青藏公路建成通车,成为进出西藏的两条“大动脉”。60多年过去,经数次整治改建,两大公路依然是人流物流的主干道。
 公路和铁路的建设,带来了货运的快速发展。西藏昌都市芒康县如美镇海拔2600米,川藏公路穿镇而过,当地村民收入来源已转变为运输业和商业为主。
“过去进出镇两个方向50公里内全是土路,去拉萨要一个星期。2010年沥青路建成后,跑运输的多了,全村189户,一半以上的村民从事建材、百货运输。”57岁的竹卡村村委会主任土登扎西说,现在村里户均年收入15万元以上。
 秦进元在中国铁路青藏集团有限公司的拉萨西站工作了12年,见证了铁路货运的发展。“铁路货运不仅明显降低了流通成本,也为当地农牧民提供了增收致富的稳定工作。”
  数据显示,2006年以来拉萨西站物流公司从4家增至18家,运输量从发送2万吨、到达29万吨,增至2020年的发送49万吨,到达614万吨,年平均增长30.7%和24.6%。
2015年,41岁的阿旺多吉成立西藏吉达物流有限公司,有员工近20人。“这几年西藏不论是各种食品还是建筑材料,需求量都很大,我看好这个市场,目前经营顺利,所有工人均为农牧民,年收入都在20万元以上。”(完)

图说1:中铁十一局工人在川藏铁路拉萨至林芝段进行长钢轨无缝焊接作业(2020年4月16日摄)。
图说2:这是建设中的川藏铁路拉林段(2018年10月16日摄)。:

图说3:这是川藏公路通麦路段上的迫龙沟特大桥(2019年10月27日摄,无人机照片)。

图说4:这是西藏林芝境内的多布特大桥(2019年10月29日摄,无人机照片)。
图说5:这是川藏公路西藏昌都市境内的“怒江72拐”(2016年5月15日摄)。
图说6:这是横跨在拉萨河上的拉萨市区公路(2019年4月3日摄,无人机照片)