ဝူးလူမုချိ၊ မတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှုကြောင့် ယခုနှစ်တွင် အခြေခံပညာ အထက်တန်းသင်ယူပြီးမြောက်ကြတော့မည့် ကျောင်းသားများအတွက် စာသင်နှစ်နှောင့်နှေးသွားခဲ့သော စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

ဝူဟန့်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန်သည် မတ် ၁၀ ရက်တွင် COVID-19 ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စစ်ဆေးမှုအတွက် ဟူပေပြည်နယ် ဝူဟန့်မြို့၊ ဟောဆန်ဆန်းဆေးရုံသို့ သွားရောက်စစ်ဆေးပြီးနောက် ၎င်းမြို့ရှိရပ်ကွက်တစ်ခုအတွင်း နေအိမ်၌ စောင့်ကြပ်ကြည့်ရှုခြင်းဖြင့် နေထိုင်ရသော ဒေသခံများထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဝူဟန့်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) အများဆုံးဖြစ်ပွားရာ ဝူဟန့်မြို့တွင် COVID-19 လူနာအရေအတွက် ဆက်တိုက်လျော့ကျလာသဖြင့် မတ် ၉ ရက်၌ အများပြည်သူအသုံးပြုသော အဆောက်အအုံမှ ယာယီဆေးရုံအဖြစ် ပြောင်းလဲထားသည့် နောက်ထပ်ဆေးရုံတစ်ရုံကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ မတ် ၁၀ ရက်(ဆင်ဟွာ)

ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) သို့ ပေးအပ်လှူဒါန်းမည့် တရုတ်နိုင်ငံ၏ အလှူငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ ကို ကမာ္ဘလုံးဆိုင်ရာ COVID-19 တိုက်ဖျက်ရေးတွင် ထောက်ခံအားပေးရန် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ပြည်သူ့ကျန်းမာရေးစနစ်တည်ဆောက်ရာတွင် အသုံးပြုသွားရန်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang က ယနေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဝူဟန့်၊မတ် ၁၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်အဓိကကူးစက်မှုဖြစ်ပွားရာ ဟူပေပြည်နယ်တွင် မတ် ၉ ရက်က ရောဂါဖြစ်ပွားသူအသစ် ၁၇ ဦး နှင့် သေဆုံးသူ ၁၇ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးကော်မရှင်က ယနေ့မတ် ၁၀ ရက်တွင်ပြောကြားခဲ့သည်။

ရှီးအန်း၊ မတ် ၉ ရက်(ဆင်ဟွာ) 

ယခုရက်ပိုင်းများတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ကောင်းမွန်စွာ ဆောင်ရွက်နေသည့် တစ်ချိန်တည်းတွင်ပင် တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ရှီးအန်းမြို့ရှိ မြေအောက်ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်းများကို စနစ်တကျ ပြန်လည် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

ပေကျင်း ၊ မတ် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံရှိ လူမှုရေးပရဟိတအဖွဲ့များနှင့် ကြက်ခြေနီအဖွဲ့များသည် မတ် ၈ ရက် ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် နိုင်ငံတစ်ဝှမ်းမှ ပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေ တရုတ်ယွမ် ၂၉.၂၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၂၃ ဘီလီယံ) နှင့် ထောက်ပံ့ပစ္စည်းမျိုးစုံ ၅၂၂ သန်းကို လက်ခံရရှိခဲ့ကြောင်း အကြီးတန်းအစိုးရအရာရှိတစ်ဦးက ယနေ့မတ် ၉ ရက်တွင် ပြောကြားလိုက်သည်။

ကျန့်ဟော်၊ မတ် ၉ ရက်(ဆင်ဟွာ) 

ယခုရက်ပိုင်းများတွင် တရုတ်နိုင်ငံ ကွေကျိုးပြည်နယ် ကျန့်ဟော်-ရုန်းကျန်း အမြန်လမ်းစီမံကိန်းရှိ ချင်းဆွေကျန်း အထူး တံတားကြီး တည်ဆောက်မှုလုပ်ငန်းများကို စနစ်တကျ ပြန်လည် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ဝူဟန့် ၊ မတ် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့၌ COVID-19 လူနာများအတွက် ယာယီဆေးရုံပြုလုပ်ထားသော ဝူဟန့်အားကစားရုံတွင် လူနာများ ရောဂါပျောက်ကင်း၍ ဆင်းသွားကြပြီးဖြစ်ရာ မတ် ၈ ရက်၌ အဆိုပါ ယာယီဆေးရုံအား ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း နှင့်  ၎င်းယာယီဆေးရုံအတွင်း ကူးစက်ရောဂါပျံ့နှံ့မှု မရှိစေရန် ပြီးပြည့်စုံသော ပိုးသက်အစီအစဉ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမန်၊ မတ် ၇ ရက် (ဆင်ဟွာ)

နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ပဋိပစ္စည်းအတွက် အဖြေကို ၂၉ မိနစ်အတွင်းသိနိုင်သော စမ်းသပ်ကိရိယာတစ်မျိုးအား တရုတ်နိုင်ငံ အမျိုးသား ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များညွန်ကြားမှုဦးစီးဌာနက ခွင့်ပြုလိုက်ကြောင်း စမ်းသပ်ပစ္စည်းတီထွင်သူက မတ် ၇ ရက်တွင် ပြောကြားလိုက်သည်။