ပေကျင်း၊ မတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့သည် တ်လ ၉ ရက်က တယ်လီဖုန်းမှတစ်ဆင့် ကိုရီးယားကျွန်းဆွယ်အရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ)

မတ်လ ၂ ရက်နေ့တွင် ထွက်ရှိခဲ့သော Amazing China အမည်ရှိ တရုတ်မှတ်တမ်းရုပ်ရှင်မှာ ၅ ရက်တာအတွင်း အမေရိကန်ဒေါ်လာ ၁၉.၇ သန်း အထိရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အမျိုးသမီးများ၏ အခန်းကဏ္ဍကိုလေးစား မြှင့်တင်သည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို All-China Women's Federation က ကြီးမှူးကာ မတ်လ ၈ ရက်နေ့က ပေကျင်းတွင်ကျင်းပခဲ့သည်။ အခမ်းအနားတွင် တရုတ်နိုင်ငံတစ်ဝန်းရှိ အမျိုးသမီးများအားလုံး တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုကို လိုက်နာရန်၊ အမျိုးသမီးများအား တန်းတူအခွင့်အရေးပေးကာ ဖွံ့ဖြိုးစည်ပင်သည့် လူ့အသိုင်းအဝိုင်းကိုဝိုင်းဝန်းတည်ဆောက်ကြရန်နှင့် ဆိုရှယ်လစ်ဝါဒ၏ ကျင့်ဝတ်များကျင့်သုံးနိုင်ရန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ပေကျင်း ၊ မတ် ၇ ရက်(ဆင်ဟွာ)

သမိုင်းတွင် အရေးပါသော လှုပ်ရှားသက်ဝင်မှုတစ်ခု ကြုံတွေ့လာချိန်တိုင်းတွင် ရွေးချယ် စရာ အကြောင်းအရာ နှစ်ခု အမြဲလိုလို ရှိတတ်သည်။ အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ပြီး တိုးတက်အောင် လုပ်ဆောင်ခြင်း (သို့မဟုတ်) အခွင့်အလမ်းကိုလက်လွှတ်၍ ကျဆုံးစေခြင်း တို့ပင်ဖြစ်သည်။

ပေကျင်း၊ မတ် ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကျင်းပဆဲ ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ပထမအကြိမ်အစည်းအဝေးပွဲတွင် တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့်မားသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စက်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်ရန် နှင့် ပြောင်းလဲမှုများ ဖော်ဆောင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း မတ်လ ၅ ရက်တွင် ပြောကြားလိုက်သည်။(Xinhua)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) ပထမအကြိမ်အစည်းအဝေးပွဲ၌ လုပ်ငန်းအစီရင်ခံစာ တင်ပြရာတွင် ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း ပြည်သူဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို ခိုင်မြဲစွာ လုပ်ဆောင်ခဲ့ပြီး ပြည်သူလူထုတို့၏ လူနေမှုဘဝအာမခံချက်ရရှိရေးကို အလေးထားဆောင်ရွက်ခဲ့ကာ ပြည်သူလူထု၏ လက်ခံရရှိမှုအပေါ် ကျေနပ် အားရမှု အတိုင်းအတာသည်လည်း အဆက်အပြတ် တိုးတက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် မြို့ပြတွင် အိမ်ရာရှားပါးမှုအား ဖြည့်တင်းရန် ပြန်လည်တည်ဆောက်ရေး သုံးနှစ်စီမံကိန်းသစ်အား ကြေညာလိုက်ပြီး ယခုနှစ်အတွင်း အိမ်ရာ ၅.၈ သန်း စတင် ဆောက်လုပ်မည် ဖြစ်ကြောင်း အစိုးရ၏ လုပ်ငန်း အစီရင်ခံစာအရ သိရသည်။

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း နိုင်ငံ၏ ဈေးကွက် ပိုမိုပွင့်လင်းစေရန် ရည်ရွယ်ကာ သွင်းကုန်ကဏ္ဍအား တက်ကြွစွာ တိုးချဲ့သွားမည် ဖြစ်ကြောင်း မတ်လ ၅ ရက်က နှစ်ပတ်လည် အစည်းအဝေးသို့ တင်သွင်းသည့် အစိုးရ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကာကွယ်ရေးဘတ်ဂျက်အား ယခင်နှစ်က ၇ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်အတွင်း ၈.၁ ရာခိုင်နှုန်းသို့ တိုးမြှင့်မည်ဖြစ်ကြောင်း အမျိုးသား ပြည်သူ့ ကွန်ဂရက်သို့ မတ်လ ၅ ရက်တွင် တင်သွင်းလိုက်သည့် ဘဏ္ဍာရေး အစီရင်ခံစာ၌ ဖော်ပြထားသည်။

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က တရုတ်နိုင်ငံသည် ကျတ်တီးမြေများမှ ပြောင်းရွှေ့လာသည့် ပြည်သူ ၂.၈သန်းအပါအဝင် ကျေးလက်နေပြည်သူ ၁၀သန်းကျော်အား ဆင်းရဲနွမ်းပါးသည့် ပြည်သူများအဖြစ်မှ လွတ်မြောက်အောင် ထပ်မံလျှော့ချသွားမည်ဟု မတ် ၅ရက်တွင်ပြောခဲ့သည်။