Connect with us

China

တရုတ်-ဥရောပ ရထား(ရှီးအန်း)၏ ၂၀၂၁ ခုနှစ် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုပမာဏ ရထားတွဲရေ (၅)သောင်းကျော်ရှိ

ရှီးအန်း၊ မေ ၇ ရက် (ဆင်ဟွာ)
လျှပ်စစ်ရေနွေးအိုး၊ Fiber optic modems၊ ကလေးစက်ဘီး စသည့် ကုန်ပစ္စည်း အတွဲ (၅၀) တင်ဆောင်ထားသည့် X8155 တရုတ်-ဥရောပ ရထား(ရှီးအန်း)သည် မေ ၆ ရက်က တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ရှီးအန်းနိုင်ငံတကာဆိပ်ကမ်းမှ ထွက်ခွါခဲ့သည်။ ထိုပို့ဆောင်မှုသည် ၂၀၂၁ ခုနှစ် တရုတ်-ဥရောပ ရထား(ရှီးအန်း) ပို့ဆောင်မှု၏ ရထားတွဲရေ (၅)သောင်းကျော် ရှိစေခဲ့ခြင်း ဖြစ်သည်။

တရုတ်-ဥရောပ ရထား(ရှီးအန်း)၏ ၂၀၂၁ ခုနှစ် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုပမာဏသည် မေ ၆ ရက်အထိဆိုလျှင် စုစုပေါင်း ရထားအတွဲရေ (၅၀,၀၆၀) ရှိပြီဖြစ်ရာ ၎င်းမှာ ပြီးခဲ့သည့်ကာလတူများထက် (၁၉.၈)ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။ နေ့စဉ်မောင်းနှင်သည့် ရထားအစီးရေသည် (၅)စီးမှ (၇)စီးအထိ ရှိရာ အဓိကသယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်းများမှာ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းနှင့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ရှီးအန်း နိုင်ငံတကာဆိပ်ကမ်းအား တွေ့ရစဉ် (ဆင်ဟွာ)

ယခုနှစ်မှစ၍ တရုတ်-ဥရောပ ရထား(ရှီးအန်း)၏ သယ်ယူပို့ဆောင်မှုပမာဏများပြားမှုရှိခြင်း၊ အချိန်ထိရောက်မှုအားကောင်းခြင်း၊ အစိမ်းရောင်ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်မှုရှိခြင်း စသည့် အားသာချက်များကြောင့် သွားလာသည့် ရထားအရေအတွက် အဆက်မပြတ်တိုးပွားလာခဲ့ကြောင်း China Railway Xi’an Group ကုမ္ပဏီ၏ တာဝန်ခံတစ်ဦးက ဆိုသည်။

ပြည်ပကုန်သွယ်ရေးလုပ်ငန်းများတိုးတက်မှုနှင့်အတူ သယ်ယူပို့ဆောင်ရေးလိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖြည့်တင်းနိုင်ရန်၊ အချိန်မှန်ကုန်တင်နိုင်ရန်နှင့် ပို့ဆောင်နိုင်ရန် ရှီးအန်း နိုင်ငံတကာဆိပ်ကမ်း၏ လုပ်ငန်းစဉ်များကို မပြတ်မွမ်းမံလျက်ရှိကြောင်း သိရသည်။ (Xinhua)
———————————–
(Chinese Version)
中欧班列(西安)2021年运输车数突破5万车
2021-05-07 15:52:34
Image Carouse
6日,装载着电水壶、光纤调制解调器、儿童自行车等50车货品的X8155次中欧班列(西安),从西安国际港站驶出,这标志着2021年中欧班列(西安)运输车数突破5万车。
截至5月6日,中欧班列(西安)2021年累计开行50060车,同比增长19.8%,每天平均开行5到7列。运送货物主要包括食品、电子产品、建材、医疗器械等。
中国铁路西安局集团有限公司相关负责人表示,今年以来,中欧班列(西安)不断发挥运量大、时效性强、绿色环保等优势,开行数量不断增加。为了更好地满足外贸企业持续增长的运输需求,西安国际港站不断优化作业流程,确保货物按时装车,及时运输。(记者张斌)

图说1:2021年中欧班列(西安)运输车数突破5万车。(照片由西安铁路局提供)
图说2:西安国际港站不断优化作业流程,确保货物运输效率。(照片由西安铁路局提供)