Connect with us

China

တရုတ်နိုင်ငံက အဝေးထိန်းအာရုံခံစနစ်သုံး ဂြိုဟ်တုသစ်များလွှတ်တင်

တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ စီချွမ်းပြည်နယ်၊ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-2C သယ်ဆောင်ရေးဒုံးပျံဖြင့် အဝေးထိန်းအာရုံခံစနစ်သုံးဂြိုဟ်တုတစ်စုအား ၂၀၂၁ ခုနှစ် မေ ၇ ရက်တွင် လွှတ်တင်နေစဉ် (ဆင်ဟွာ)

ရှီးချန်း၊ မေ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အဝေးထိန်းအာရုံခံစနစ်သုံးဂြိုဟ်တုတစ်စုအား မေ ၇ ရက် တွင် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။ Yaogan-30 အမျိုးအစားဖြစ်သော အဆိုပါဂြိုဟ်တုများအား ပေကျင်းစံတော်ချိန် နံနက် ၂ နာရီ ၁၁ မိနစ်တွင် Long March-2C သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

ယင်းဂြိုဟ်တုများအား လျှပ်စစ်သံလိုက်ပတ်ဝန်းကျင်ဆိုင်ရာ ရှာဖွေဖော်ထုတ်ခြင်းနှင့် ဆက်စပ်သော နည်းပညာစမ်းသပ်မှုများအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ယာဥ်ပေါ်တွင် Tianqi ဂြိုဟ်တုအုပ်စု၏ ဂြိုဟ်တုတစ်ခုလည်းပါဝင်ပြီး ယင်း Tianqi-12 ဂြိုဟ်တုအား အချက်အလက်စုဆောင်းခြင်းနှင့် ထုတ်လွှင့်ခြင်းတို့အတွက် အသုံးပြုမည်ဖြစ်သည်။

အဆိုပါ လွှတ်တင်မှုသည် Long March ဒုံးပျံစီးရီး၏ ၃၆၉ ကြိမ်မြောက် လွှတ်တင်ခြင်းလည်းဖြစ်ကြောင်း သိရသည်။ (Xinhua)
———————————–
(English Version)
China launches new remote-sensing satellites
XICHANG, May 7 (Xinhua) — China successfully sent a remote-sensing satellite group into orbit from the Xichang Satellite Launch Center in southwest China’s Sichuan Province on Friday.
Belonging to the Yaogan-30 family, the satellites were launched by a Long March-2C carrier rocket at 2:11 a.m. Beijing time.
The satellites will be used for electromagnetic environmental detection and related technological tests.
Also aboard was a satellite belonging to the Tianqi constellation. The satellite, Tianqi-12, will be used for data collection and transmission.
It was the 369th mission of the Long March rocket series. Enditem

Photo- (210507) – BEIJING, May 7, 2021(Xinhua) — A Long March-2C carrier rocket blasts off from the Xichang Satellite Launch Center in southwest China’s Sichuan Province, May 7, 2021.(Photo by Guo Wenbin/Xinhua).