Connect with us

Africa & Middle East

တောင်ဆူဒန်နိုင်ငံ၌ ကျန်းမာရေးဝန်ထမ်းများ တရုတ်ဘာသာစကားသင်ကြားမှုများ စတင်

ဂျူဘာ ၊ မေ ၉ ရက်(ဆင်ဟွာ)

တောင်ဆူဒန်နိုင်ငံရှိ ကျန်းမာရေးဝန်ထမ်း အများအပြားသည် ဂျူဘာမြို့၌ တရုတ်ဘာသာစကား သင်ကြားရေးအတွက် ၈ သုတ်မြောက် ရောက်ရှိလာသော တရုတ်ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်များထံ မေ ၇ ရက်က စတင်စာရင်းပေးသွင်းခဲ့ကြကြောင်း သိရသည်။

ဂျူဘာသင်ကြားရေးဆေးရုံရှိ သားဖွားမီးယပ်ဌာနမှ အသက် ၄၂ နှစ် အရွယ်ရှိ ဆေးဝန်ထမ်း Moses Maror က တရုတ်ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း နှင့် ဆေးပညာကို ပိုမိုနားလည်စေရေးအတွက် တရုတ်ဘာသာစကား သင်ကြားမှုကို စိတ်ဝင်စားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တောင်ဆူဒန်နိုင်ငံ ဂျူဘာမြို့ရှိ ဂျူဘာသင်ကြားရေးဆေးရုံ၌ တောင်ဆူဒန် ကျန်းမာရေး ဝန်ထမ်းများအတွက် တရုတ်ဘာသာစကား သင်တန်းဖွင့်လှစ်ချိန်တွင် တရုတ်ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ဆွေးနွေးနေမှုများပြုလုပ်စဉ် (ဆင်ဟွာ)

“သားဖွားမီးယပ်ဌာနမှာ တရုတ်လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ကောင်းကောင်းဆက်သွယ်ပြောဆိုနိုင်ဖို့ မန်ဒရင်းတရုတ်ဘာသာစကား သင်ကြားတာကို စိတ်ဝင်စားခဲ့တာပါ”ဟု Maror က ပြောကြားခဲ့သည်။

ဂျူဘာသင်ကြားရေးဆေးရုံ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Pawil Arop Yor က အဓိက ရည်ညွှန်း ဆေးရုံသို့ ဆေးဝါးများ နှင့် အခြားဆေးဘက်ဆိုင်ရာ ပစ္စည်းအမျိုးမျိုး ထောက်ပံ့ပေးအပ်ခြင်းအပြင် မန်ဒရင်းတရုတ်ဘာသာစကားဖြင့် ဆေးဘက်ဆိုင်ရာ ဆရာဝန်များအား လေ့ကျင့်ရေး ထောက်ပံ့ပေးခြင်းအတွက် တရုတ်နိုင်ငံ အစိုးရအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“သူတို့က ဒီမှာ အများကြီး လုပ်ပေးနေတာပါ။ ဆေးဝါးတွေနဲ့အတူ ကျွန်တော်တို့ကို ကူညီပေးတာတွေအတွက် တရုတ်နိုင်ငံအစိုးရကို ကျေးဇူးတင်ပါတယ်။အခုဆိုရင် သူတို့က ကျွန်တော်တို့ကို တရုတ်ဘာသာစကား သင်ပေးတော့မှာပါ။”ဟု Yor က ဂျူဘာမြို့၌ မေ ၇ ရက်တွင် ပြုလုပ်သော သင်တန်းဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရသည် ဂျူဘာသင်ကြားရေးဆေးရုံ၌ ကျန်းမာရေးဝန်ဆောင်မှုများတိုးတက်စေရန်အတွက် တောင်ဆူဒန်နိုင်ငံအား ထောက်ပံ့ ကူညီမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအစိုးရသည် မတ်လတွင် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးမြှင့်ရန် ဂျူဘာသင်ကြားရေးဆေးရုံ ချဲ့ထွင်ခြင်း နှင့် သင်ကြားရေးအတွက် ဆူဒန်နိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်ရေး စာချုပ်တစ်ခုအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
South Sudan’s health workers start Chinese language lessons
JUBA, May 7 (Xinhua) — Several South Sudanese health workers on Friday started enrolling for Chinese language lessons being taught in Juba by members of the eighth batch of Chinese medical team.
Moses Maror, 42-year-old medic in the department of Obstetrics and Gynecology in Juba Teaching Hospital, said he is interested in learning Chinese language so as to better understand Chinese medical procedure and medicine.
“I am interested in learning Mandarin Chinese to communicate well with my Chinese counterparts in the department of obstetrics and gynecology,” said Maror.
Pawil Arop Yor, Acting Director General of Juba Teaching Hospital, thanked the Chinese government for supporting the training of medical doctors in Mandarin Chinese, in addition to providing medicines and other medical assortments to the main referral hospital.
“They are doing a lot of things here. I would like to thank the Chinese government for helping us with medicines and now they are going to teach us Chinese language,” said Yor in Juba on Friday during the launch of the training.
The Chinese government has been supporting South Sudan in improving health services in Juba Teaching Hospital.
In March, the Chinese government signed a development pact with South Sudan for the expansion and modernization of the Juba Teaching Hospital to enhance medical services. Enditem