Connect with us

Africa & Middle East

အာဖဂန်နိုင်ငံ ကဘူးလ်မြို့ အမျိုးသမီးအထက်တန်းကျောင်းရှေ့ ပေါက်ကွဲမှုများအတွင်း သေဆုံးသူ ၅၀ ဦး အထိ မြင့်တက်

ပေါက်ကွဲမှုအတွင်း သေဆုံးသွားသူများ၏ ရုပ်အလောင်းကို ဆွေမျိုးသားချင်းများက အာဖဂန်နစ္စတန်နိုင်ငံကဘူးလ်မြို့တော်ရှိ ဆေးရုံတစ်ခုတွင် ရှာဖွေမှု ပြုလုပ်နေစဉ်(ဆင်ဟွာ)

ကဘူးလ်၊မေ ၉ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ အနောက်ပိုင်းရှိ မိန်းကလေးသီးသန့်သင် အထက်တန်းကျောင်းတစ်ခု၏ ကျောင်းဝင်အပြင်ဘက်၌ ဖြစ်ပွားသော ပြင်းထန်သည့် ပေါက်ကွဲမှု သုံးခုအတွင်း သေဆုံးသူ ၅၀ ဦး နှင့် ဒဏ်ရာရသူ ၁၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း အာဖဂန်ရဲတပ်ဖွဲ့က ကနေ့ မေ ၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

“ ပေါက်ကွဲမှုတွေထဲက တစ်ခုကတော့ ကားဗုံးကြောင့်ပါ ၊ တစ်နေရာထဲမှာ ဖြစ်ခဲ့တဲ့ အခြားပေါက်ကွဲမှုနှစ်ခု ကတော့ ဖောက်ခွဲရေးပစ္စည်း (IEDs) တွေနဲ့ လုပ်ခဲ့တာပါ” ဟု ကဘူးလ်မြို့တော် ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Ferdaus Faramarz က တယ်လီဖုန်းမက်ဆေ့ချ်ဖြင့် သတင်းထောက်များအားပြောကြားခဲ့သည်။

ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ဒဏ်ရာရသူများအား အာဖဂန်နစ္စတန်နိုင်ငံကဘူးလ်မြို့တော်ရှိ ဆေးရုံတစ်ခုသို့ မေ ၈ ရက်က သယ်ဆောင်လာစဉ်(ဆင်ဟွာ)

ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ဒဏ်ရာရသူများအား အာဖဂန်နစ္စတန်နိုင်ငံကဘူးလ်မြို့တော်ရှိ ဆေးရုံတစ်ခုသို့ မေ ၈ ရက်က သယ်ဆောင်လာစဉ်(ဆင်ဟွာ)

အဆိုပါပေါက်ကွဲမှုများသည် အမှတ် ၁၃ ရဲတပ်ရင်းပိုင် Etifaq မြို့ Sayyed-ul-Shuhada အမျိုးသမီးအထက်တန်းကျောင်းရှေ့၌ မေ ၈ ရက် ခန့်မှန်းခြေ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ခိုက်မှုသည် ညနေကျောင်းဆင်းချိန်၌ ဖြစ်ပွားခဲ့ပြီး သေဆုံးသူအများစုမှာ ကျောင်းသူလေးများ ဖြစ်ကြကြောင်း နှင့် အနီးအနား ဖြတ်သန်းသွားလာကြသူများလည်း များစွာပါဝင်ကြောင်း သိရသည်။

တိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပါ။ အဆိုပါ လူများစွာသေဆုံးခဲ့ရသည့် တိုက်ခိုက်မှုတွင် ၎င်းတို့ပါဝင်ပတ်သက်ခြင်းမရှိကြောင်း တာလီဘန်စစ်သွေးကြွအုပ်စုက ငြင်းဆိုထားပြီး အိုင်အက်စ်စစ်သွေးကြွ(IS) များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲထားသည်။

အာဖဂန်သမ္မတ Mohammad Ashraf Ghani က ယင်းတိုက်ခိုက်မှုအား ပြင်းထန်စွာ ပြစ်တင်ရှုံ့ချခဲ့ပြီး ဒဏ်ရာရသူများအား တက်နိုင်သမျှ အစွမ်းကုန်ဆေးကုသမှု ပြုလုပ်ပေးရန် ကျန်းမာရေးတာဝန်ရှိသူများအားညွှန်ကြားထားကြောင်း သိရသည်။(Xinhua)
————————————
(English Version)
Death toll from school explosions in Afghan capital soars to 50
KABUL, May 9 (Xinhua) — The death toll has risen to 50, while over 100 others were wounded in three successive explosions outside a girls’ high school in Kabul, the capital of Afghanistan, the Afghan police confirmed on Sunday.
“The nature of one of the blasts was a car bomb explosion. Two other blasts were caused by improvised explosive devices (IEDs) placed at the same location,” Kabul police spokesman Ferdaus Faramarz told reporters via a text message.
The incident occurred in front of Sayyed-ul-Shuhada High School in Etifaq Township, Police District 13, roughly at 4:30 p.m. local time on Saturday.
The attack occurred when students were leaving the building. Most of the victims were school girls while many passers-by were also affected.
No group has claimed responsibility for the attack yet. The Taliban militant group has denied the involvement of their insurgents in the incident and accused the Islamic State (IS) militants of the deadly attack.
Afghan President Mohammad Ashraf Ghani strongly condemned the attack and instructed the health officials to provide the best possible medical treatment for the wounded. Enditem

(1)-People search for bodies of their relatives at a local hospital in Kabul, capital of Afghanistan, May 8, 2021. (Photo by Sayed Mominzadah/Xinhua)

(2.3)-An injured person receives medical treatment at a local hospital in Kabul, capital of Afghanistan, May 8, 2021. (Photo by Sayed Mominzadah/Xinhua)