Connect with us

North America

ဆိုက်ဘာတိုက်ခိုက်ခံရပြီးနောက် အမေရိကန်ဂတ်စ်ပိုက်လိုင်း ဆက်ပိတ်ထားရ

အမေရိကန်နိုင်ငံ၏ အဓိက လောင်စာဆီဖြန့်ဖြူးရေးဌာနတစ်ခုဖြစ်သည့် metro Atlanta ပင်မပို့လွှတ်စခန်းအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟူစတန်၊မေ ၁၀ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့ပိုင်း နှင့် အရှေ့တောင်ပိုင်း ရှိ နေရာများသို့ ဂတ်စ်ဓာတ်ငွေ့ နှင့် ဒီဇယ်ဆီများ အဓိက ပို့လွှတ်ပေးနေသည့် ပိုက်လိုင်းမှာ ဆိုက်ဘာတိုက်ခိုက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် နှစ်ရက်ဆက်တိုက် ဆက်လက် ပိတ်ထားခဲ့ရကြောင်း ပိုက်လိုင်းကုမ္ပဏီက မေ ၉ ရက်တွင် ပြောကြားခဲ့သည်။

Colonial ပိုက်လိုင်းကုမ္ပဏီ၏ ကြေညာချက်ထဲတွင် ပြီးခဲ့သော သောကြာနေ့က ငွေညှစ်သည့်ဆော့ဝဲလ်အမျိုးအစား( ransomware) ဖြင့် တိုက်ခိုက်ခံရသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ပိုက်လိုင်းလည်ပတ်မှုအားလုံးကို ခေတ္တရပ်ဆိုင်းလိုက်ကြောင်း ဆိုသည်။

“ Colonial ပိုက်လိုင်း လည်ပတ်မှုအဖွဲ့က လုပ်ငန်းပြန်လည် စတင်နိုင်အောင် စနစ်ကို မြှင့်တင်ဖို့ လုပ်နေပါတယ် ” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ “ ကျွန်တော်တို့ရဲ့အဓိက ပိုက်လိုင်းတွေ ပိတ်ထားရချိန်မှာ အခြေစိုက်စခန်းတွေ နဲ့ ပို့လွှတ်အမှတ်တွေကြား အချို့ ပိုက်လိုင်းငယ်တွေကတော့ အခုလုပ်ငန်းလည်ပတ်နေပါတယ်” ဟု ဆိုသည်။Colonial ပိုက်လိုင်းသည် အမေရိကန်နိုင်ငံ၏ အကြီးဆုံး ဂတ်စ် နှင့် လောင်စာဆီ ပို့လွှတ်ပေးနေသော ပိုက်လိုင်းကြီးဖြစ်ပြီး အရှေ့ဘက်ကမ်းရိုးတန်းတွင် နေ့စဉ် လောင်စာဆီဂါလံ သန်း ၁၀၀ ကျော် သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။(Xinhua)
—————————————
(English Version)
U.S. pipeline remains offline after cyber attack
HOUSTON, May 9 (Xinhua) — The main pipeline carrying gasoline and diesel fuel to U.S. east and southeast parts remained offline two days after a cybersecurity attack was detected, the pipeline’s operator said Sunday.
In a press release, the Colonial Pipeline Company said it has temporarily halted all pipeline operations after the cybersecurity attack involving ransomware was detected on Friday.
“The Colonial Pipeline operations team is developing a system restart plan,” said the release. “While our mainlines remain offline, some smaller lateral lines between terminals and delivery points are now operational.”
The Colonial Pipeline is the largest refined-products pipeline in the United States, transporting more than 100 million gallons of fuel daily on the East Coast. Enditem

Photo – A major U.S. fuel distributor headquartered in metro Atlanta