Connect with us

Economy

Apple က တရုတ်နိုင်ငံ တွင် အရောင်းဆိုင် ၅ ဆိုင် ထပ်မံဖွင့်လှစ်

တရုတ်နိုင်ငံ နန်ကျင်းမြို့ရှိ Apple အရောင်းဆိုင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရှမန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

Apple company သည် ၂၀၁၆ခုနှစ်၏ ဇန်နဝါရီလအတွင်း ၎င်း၏ ဈေးကွက်အား လျင်မြန်စွာ ချဲ့ထွင်နိုင်ရန်အတွက် တရုတ်နိုင်ငံတွင် အရောင်းဆိုင်၅ ဆိုင် ထပ်မံ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၄ရက်နေ့ က ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် ရှမန် တွင် အရောင်းဆိုင်တစ်ဆိုင် စတင် ဖွင့်လှစ်ခဲ့ပြီး ဖူကျန်းပြည် နယ်၏ ပထမဆုံးသော အရောင်းဆိုင်နှင့် တရုတ်ပြည်မကြီး ၏ ၂၆ဆိုင်မြောက် ဖြစ်လာကြောင်း သိရသည်။

ထို့အပြင် Apple သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ရှင်ရောင်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့က အရောင်းဆိုင်တစ်ဆိုင် ဖွင့်လှစ်ခဲ့ပြီး နန်ကျင်း မြို့တွင်လည်း ဇန်နဝါရီလ ၁၆ရက်နေ့၌ ဖွင့်လှစ်ရန် နှင့် အခြား အရောင်းဆိုင် ၂ဆိုင်ကို လည်း ကွမ်ကျိုးနှင့် ချင်ထောင်မြို့တို့တွင် ဇန်နဝါရီလကုန်၌ ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံသည် Apple အတွက် အလွန်အရေးပါပြီး တရုတ်နိုင်ငံ ရှိ Apple အရောင်းဆိုင်များသည် ကမ္ဘာပေါ်တွင် အလုပ်အများဆုံး အရောင်းဆိုင်များဖြစ်ကြောင်း Apple ၏ လက်လီအရောင်း ဒါရိုက်တာ Todd Mckean ကပြောကြားခဲ့သည်။

အမေရိကန် အီလက်ထရောနှစ်ပစ္စည်း ထုတ်လုပ်သူ Apple သည် ၂၀၁၆ ခုနှစ် အတွင်း တရုတ်နိုင်ငံ ၌ အရောင်းဆိုင်ပေါင်း ၄၀ ဖွင့်လှစ်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ သည် အမေရိကန်နိုင်ငံ ပြီးလျှင် Apple ၏ ဒုတိယအကြီးဆုံး ဈေးကွက် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.