Connect with us

Economy

ကမ္ဘာ့ဘဏ်များ စာရင်း တွင် အဆင့် ၄ နေရာရှိသည့် Bank of China ကိုယ်စားလှယ်ရုံးအား မြန်မာ နိုင်ငံ တွင် တရားဝင် စတင်ဖွင့်လှစ်

Bank of China ကိုယ်စားလှယ်ရုံးအား Bank of China supervisor မစ္စတာ လီကျွင်း ၊ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်၊ မြန်မာနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦး၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဌ ဦးစိန်ဝင်းအောင် (ဘယ်မှညာ) တို့မှ စက်ခလုပ် နှိပ် ဖွင့်လှစ် ပေခဲ့စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ)

၂၀၁၅ခုနှစ်၊ စက်တင်ဘာလ၊ ၁၄ရက်နေ့တွင် Bank of China ကိုယ်စားလှယ်ရုံးကို ရန်ကုန်မြို့ မြန်မာ့ငွေကြေးစင်တာ (UFC) တွင် တရားဝင်ဖွင့်လှစ်လိုက်ပြီ မြန်မာနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦး၊ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်၊ Bank of China supervisor မစ္စတာ လီကျွင်း ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဌ ဦးစိန်ဝင်းအောင် တို့မှ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မြန်မာအစိုးရ တာဝန်ရှိသူများ၊ တရုတ်လုပ်ငန်းရှင်များ၊ မြန်မာလုပ်ငန်းရှင်များ၊ မြန်မာ-တရုတ် သတင်းမီဒီယာများ၊ စုစုပေါင်းလူဦးရေ (၃၀၀)ခန့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

မစ္စတာ ဟုန်လျန် မှ ဖွင့်ပွဲ အခမ်းအနား ၌ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်၌ကျင်းပသော ကမ္ဘာဖက်ဆစ်တော်လှန်ရေး (၇၀)ပြည့်နှစ်မြောက် အောင်ပွဲ အခမ်းအနားသို့ တက်ရောက်စဉ်၌ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၊ တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် တို့နှင့် တွေ့ဆုံခဲ့ကြောင်း ၊ တရုတ်-မြန်မာနှစ်နိုင်ငံကြား အကျိုးအမြတ်ကို တန်းတူခံစားမည်၊ တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှု ပူးပေါင်းမှုအား တိုးမြှင့်မည် စသည်တို့ကို နှစ်ဦးနှစ်ဖက်သည် ဆက်လက် ခံယူမည်ဟု သဘောတူညီကြ ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီးနှင့် ဘင်္ဂလားဒေ့ရ်ှ-တရုတ်-အိန်္ဒိယ-မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး ဘောင်အောက်တွင် တစ်နိုင်ငံ နှင့် တစ်နိုင်ငံကြား အချင်းချင်း ပူးပေါင်းခြင်းအား မြင့်တင်ပြီး ကဏ္ဍအလုံးစုံ ပူးပေါင်းခြင်းအား ပိုမို၍နက်ရှိုင်းစေမည်ဖြစ်ကြောင်း၊ အထက်ပါ အကြောင်းအရာများ လျှင်မြန်စွာ အကောင်အထည် ဖော်ရန်အတွက် တရုတ်-မြန်မာနှစ်နိုင်ငံကြား၏ ငွေရေးကြေးရေးကဏ္ဍ၌ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ် ကြောင်း နှစ်နိုင်ငံအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးများအတွက် ငွေရေးကြေးရေး ကဏ္ဍ၌ အချင်းချင်း အပြန်အလှန် ကူညီထောက်မ သင့်ကြောင်း ၊ Bank of China သည် ၂၀ရာစု ၃၀စုနှစ်ခေတ်၌ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ဝင်ရောက်ခဲ့ကြောင်း ၊ ခေတ်ကာလများပြောင်းလဲခြင်း တရုတ်-မြန်မာနှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်မှုများအတွက် အခန်းကဏ္ဍတစ်ခုကို ဖွင့်လှစ်ပေးခဲ့ကြောင်း ၊ ယခုအခါ Bank of China သည် ရန်ကုန်သို့ ပြန်လည်ဝင်ရောက်ခဲ့သဖြင့် ဤအရာသည် နှစ်နိုင်ငံ၏ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အကျိုးရှိစေကြောင်း ၊ နှစ်နိုင်ငံနှင့် ဒေသခံနိုင်ငံ၏ ငွေရေးကြေးရေး လုံခြုံမှုအတွက် အကျိုးရှိစေပြီး နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်မှုမြင့်တင်ရေးအတွက် အကျိုးရှိစေပါသည်ဟု ပြောကြားသည်။

မြန်မာနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးက Bank of China ကိုယ်စာလှယ်ရုံး ရန်ကုန်မြို့ တွင် တရားဝင်ဖွင့်လှစ်ခြင်းအား ဂုဏ်ပြုပါကြောင်း၊ ၎င်းဘဏ်သည် မြန်မာပြည်တွင် ဝင်ရောက် လာသောကြောင့် မြန်မာနိုင်ငံရှိဘဏ်များအတွက် လွန်စွာအထောက်အကူပြုပေးမည် ဖြစ်ကြောင်း၊ ယင်း ဘဏ်သည် တိုတောင်းသော ကာလအတွင်း မြန်မာပြည်တွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ပြီး မြန်မာ့ ငွေကြေးကဏ္ဍထဲသို့ ဝင်ရောက်လာခြင်းမှာ မြန်မာ့ငွေကြေးကဏ္ဍ တိုးတက်မှုအတွက် လွန်စွာအထောက်အပံ့ ဖြစ်စေကြောင်း ၊ နှစ်နိုင်ငံ၏ကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် ငွေကြေးပူးပေါင်းမှုအတွက် အရေးပါသောတစ်ရပ် ဖြစ်ကြောင်းဟု ပြောကြားခဲ့သည်။

Bank of China supervisor မစ္စတာ လီကျွင်း မှ ယခုနှစ်များအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေး အပေါင်းအဖော် ဆက်ဆံရေး သို့ မြင့်တက်သွားသည်ဖြစ်ကြောင်း ၊ ကဏ္ဍအသီးသီး လက်တွေ့ ပူးပေါင်း ဆောင်ရွက်မှုအား ပို၍နက်ရှိုင်းစေကြောင်း ၊ နှစ်နိုင်ငံကုန်သွယ်ရေး စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုအား ပို၍ လျင်မြန်စွာ တိုးတက်စေကြောင်း ၊ ၂၀၁၄ခုနှစ်မြန်မာတရုတ်ကုန်သွယ်မှုတန်ဖိုးသည်ဒေါ်လာ၂၄.၉ဘီလီယံကျော် ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ထက် ၁.၄၆ ဆ ပို၍မြင့်တက်ခဲ့ကြောင်း ၊ ယခုအခါ၌ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော ကုန်သွယ်ဖက်နိုင်ငံဖြစ်သည့်အပြင် မြန်မာနိုင်ငံ၌ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံလည်းဖြစ်ကြောင်း ၊ Bank of China သည်နိုင်ငံတကာဆိုင်ရာနှင့် အဆင့်အမြင့်ဆုံး ဘဏ်အနေဖြင့် နှစ်တစ်ရာ ဆက်တိုက်ရပ်တည်ခဲ့သော တစ်ဦးတည်းသော တရုတ်နိုင်ငံငွေကြေးအဖွဲ့အစည်းဖြစ်ကြောင်း ၊ ကမ္ဘာ့အင်အား အတောင့်တင်းဆုံး လုပ်ငန်း၅၀၀တွင် တစ်ဦးတည်းသော နှစ်ပေါင်း၂၇နှစ် ဆက်တိုက် (ဓန)မဂ္ဂဇင်းစာရင်းတွင် ပါဝင်သည့် တစ်ဦးတည်းသော လေးနှစ်ဆက်တိုက် (ကမ္ဘာတစ်ဝန်း၌ အရေးပါ အရာရောက်ဘဏ်)၏ ထွန်းသစ်စဈေးကွက် စီးပွားရေးဖြစ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းတွင် ပါဝင် ခဲ့ကြောင်း ၊ ၂၀၁၅ခုနှစ် ဗြိတိန်(ဘဏ်)မဂ္ဂဇင်း (ကမ္ဘာ့ဘဏ်ပေါင်းတစ်ထောင်)တွင် လေးနေရာ၌ ရပ်တည် ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် Bank of China သည် မြန်မာနိုင်ငံနှင့် နက်ရှိုင်းသော သမိုင်းဇစ်မြစ်ရှိကြောင်း ၊ ၂၀ရာစု ၃၀စုနှစ်ခေတ် တွင် Bank of China သည် မြန်မာပြည်တွင် ဘဏ်လုပ်ငန်းများ လာရောက်လုပ်ကိုင်ခဲ့ကြောင်း ၊ ယခု Bank of China မှ ရန်ကုန်မြို့တွင် ကိုယ်စာလှယ်ရုံး ဖွင့်လှစ်ခဲ့ခြင်းအားဖြင့် ““ခေတ်သစ်ပိုးလမ်းမကြီး”” ရည်မှန်းချက်ကို အထောက်အကူပြုစေပြီး အာဆီယံနိုင်ငံများ၏ ဝန်ဆောင်မှုစွမ်းအားကို တစ်ဖက်တစ်လမ်းမှ မြင့်တင်ပေးကြောင်း ၊ ၎င်းဘဏ်သည် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကွန်ယက်ကို အခြေပြု၍ နှစ်နိုင်ငံအား ပိုမိုကောင်းမွန်သော အထောက်အပံ့များ ပေးမည်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံအတွက် သတင်းအချက်အလက်များ ထောက်ပံ့ပေးပြီး ဘဏ်၏ဖောက်သည် (Customer) များကို စုရုံးပေးကာ လုပ်ငန်းဝန်ဆောင်မှုများအား မိတ်ဆက်ပေး၍ နှစ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆက်သွယ်ရေးအား အပြည့်အဝထောက်ခံမည် ဖြစ်ကြောင်း ၊ ငွေကြေး၏ စွမ်းအားဖြင့် နှစ်နိုင်ငံ၏ ကုန်သွယ်မှု တံတားအား ခင်းကျင်းပေးကာ နှစ်နိုင်ငံ၏ စီးပွားရေးကုန်သွယ်ရေးအတွက် ရွှေလမ်းငွေလမ်း ဖွင့်ပေးမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Bank of China သည် သံအမတ်ကြီး ဟုန်လျန် ၏ ဆော်သြမှုကြောင့် တက်တက်ကြွကြွဖြစ်စေခဲ့ပြီး ““လူမှုအဖွဲ့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်မည်၊ အကောင်းဆုံးဘဏ် ဖြစ်အောင်ကြိုးစားမည်”” ဟူသည့် ဖွံ့ဖြိုးမှု မဟာဗျူဟာကို လက်ကိုင်ထားပြီး၊ ရေဘေးသင့်ဒေသများကို ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်နှင့် အိမ်ယာပြန်လည်ထူထောင်ရန်အတွက် ကူညီထောက်ပံ့မှု ငွေကြေးလှူဒါန်းခဲ့သည် ကိုလည်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.